Homeသတင်းမွန်ပြည်သစ် NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ယနေ့ကျင်းပ

မွန်ပြည်သစ် NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ယနေ့ကျင်းပ

-

မွန်ပြည်သစ်ပါတီ၏ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဒုတိယခြေလှမ်းအဖြစ် ယနေ့(အေပြီ-၂၆ ရက်) တွင် ရေးမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ စတင်ကျင်းပရာ ဒေသအသီးသီးမှ မွန်တိုင်းရင်းသား ၂၇၃ ဦးတက်ရောက်လျက်ရှိသည်ဟု အခမ်းအနားကျင်းပရေးကော်မတီမှ သိရသည်။

သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ဆောင်ရွက်ပြီး အဖွဲ့ဝင်များတွင် မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ခေါင်းဆောင်များနှင့် မွန်ရဟန်းသံဃာများပါဝင်သည်။

သဘာပတိ နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(မွန်ပြည်သစ်သတင်းစဉ်)

အဆိုပါရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီမှ NCA လက်မှတ်ရေးထိုရခြင်းအကြောင်းရင်းများနှင့် ရေးထိုးပြီးဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။

NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်း (Oak Sar Tpr)

လာမည့်မေလ ပထမအပတ်တွင် ရေးမြို့တွင် ကျင်းပမည့် မွန် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ စာတမ်းများ တင်သွင်းနိုင်ရန် ၁-နိုင်ငံရေး ၂-စီးပွားရေး ၃-လူမှုရေး ၄-မြေယာနှင့် သယံဇာတ ခေါင်းစဉ်များအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အထောက်အကူဖြစ်စေရန် လုံခြုံရေးကဏ္ဍကိုလည်း ဆွေးနွေးကြမည်ဟု အစီအစဉ်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ညီစားစခန်းတွင် အလားတူ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts