spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းရန်ကုန်နွေရာသီမွန်စာပေသင်တန်း မွန်ကလေးများစိတ်ဝင်စားမှုနည်းပါးလာဟုဆို

    ရန်ကုန်နွေရာသီမွန်စာပေသင်တန်း မွန်ကလေးများစိတ်ဝင်စားမှုနည်းပါးလာဟုဆို

    -

    ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလမှ ဧပြီလအထိ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ မွန်စာပေသင်တန်းကို မွန်ကလေးများ စိတ်ဝင်စားမှု နည်းပါးလာနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယမန်နှစ်က ဖွင့်လှစ်သော ရန်ကုန် နွေရာသီမွန်စာပေသင်တန်းကို ကလေးငယ် ၅၀၀ ဦးခန့် တက်ရောက်သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် ၄၀၀ ဦးခန့်သာ တက်ရောက်သင်ကြားလျှက်ရှိကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ သိရသည်။

    နိုင်စိုးအောင်က “အရင်တုန်းက ကလေးတွေရွေးချယ်စရာသိပ်မရှိဘူး၊ အခုကျတော့ သူတို့ပျော်ရွှင်တဲ့နေရာကိုပဲ သွားကြတယ်။ မွန်စာပေကို စိတ်ဝင်စားမှု ပိုပိုအားနည်းလာတယ်” ဟု ဆိုသည်။

    ရန်ကုန်နွေရာသီမွန်စာပေသင်တန်းတစ်နေရာ(MNA)

    မွန်စာပေကို ကလေးများ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဘဏ္ဍာငွေများကို ရန်ကုန်မြို့ရှိ မွန်အလှူရှင်များအပေါ် မှီခိုနေရသောကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု ၄င်းက ဆက်ပြောသည်။

    မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် မွန်နှင့်သက်ဆိုင်သော နေရာများကို ပွဲထုတ်ပေးခြင်း၊ ထူးချွန်သော ကလေးငယ်များကိုလည်း ဆုချီးမြှင့်ပေးခြင်းအားဖြင့် လုပ်ဆောင်နိုင်သည်ဟု နိုင်စိုးအောင်က ဆိုသည်။

    ရန်ကုန်မြို့တွင် နေထိုင်ကြသည့် မွန်မိဘများအနေဖြင့်လည်း မွန်စကားပြောလေ့မရှိသောကြောင့် မွန်စကားမပြောတတ်သောကလေးများနှင့် စာသင်ကြားရာတွင် ဘာသာစကားအခက်အခဲလည်း ရှိနေသည်ဟု သိရသည်။

    အလားတူ ပဲခူးမြို့၌ မွန်စာပေသင်တန်းသင်ကြားနေသော ဆရာမ မိချိုအေးက “ကလေးတွေ နည်းလာတယ်၊ အများအားဖြင့် ကလေးတွေ အတန်းနည်းနည်းကြီးလာရင် မိဘတွေက ကျူရှင်ကြိုထားနေကြတယ်” ဟု သူက ပြောသည်။

    ရန်ကုန်တိုင်း၌ မွန်စကားနှင့် မွန်စာပေသင်တန်းကို မဆလအစိုးရလက်ထက်မှစတင်သင်ကြားခဲ့ရာ ၁၉၉၄ ခုနှစ်တွင် မြို့နယ် (၅) မြို့နယ်ခန့်၊ ယခုတွင် မြို့နယ်ပေါင်း(၁၈) မြို့နယ်၌ သင်ကြားနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts