spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတ ဦးဝင်းမြင့် ရွေးချယ်ခံရ

    မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတ ဦးဝင်းမြင့် ရွေးချယ်ခံရ

    -

    မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် ရွေးချယ်တင်မြှောက်လိုက်သည်။

    သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်ခဲ့သည့် နိုင်ငံတော်သမ္မတရာထူးနေရာကို နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်အဝေး (၂၀)ရက်မြောက်နေ့တွင် မဲပေးရွေးချယ်ခြင်းဖြစ်သည်။

    ထိုသို့ရွေးချယ်ရာတွင် ဦးဝင်းမြင့် ၄၀၃ မဲ၊ ဦးမြင့်ဆွေ ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူ ၁၈ မဲ၊ ပယ်မဲ ၄ မဲ ရရှိကြောင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိသည်။

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်(Internet)

    နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
    မွေးဖွား- ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အဖ ဦးထွန်းကြင်၊ အမိ ဒေါ်သန်းတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။

    ပညာရေးအရည်အချင်း- ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆) ပုသိမ်အထက်တန်းကျောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် B.Sc (Geology), H.G.P , R.L

    တာဝန်ထမ်းဆောင်- အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ(ဓနုဖြူမြို့နယ်)၊ NLD ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်။

    နိုင်ငံရေးလှုပ်ရှားမှု- တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့၊ ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့။ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို သုံးကြိမ်တိုင် ခံခဲ့ရ။

    • ၁၉၉၀ ရွေးကောက်ပွဲ၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်
    • ၁၉၉၅ ခုနှစ်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး
    • ၂၀၁၀ ခုနှစ်၊ CEC- NLD.
      *၂၀၁၂ ကြားဖြတ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရ
    • တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းအရေးမှူး
    • ၂၀၁၄ ခုနှစ်၊ NLD ပြောရေးဆိုခွင့်ရှိသူ
      *၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ် ထပ်မံရွေးချယ်အနိုင်ရ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ။
      *မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ရွေးကောက်ပွဲများ၌ သုံးကြိမ်တိုင် ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့ကိုယ်စားလှယ်။
      *၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ခဲ့။
    • ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးခြယ်တင်မြှောက်ခြင်းခံရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts