spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတိုင်းဒေသကြီး မွန်လူငယ်များကွန်ရက်ဖွဲ့စည်း

    တိုင်းဒေသကြီး မွန်လူငယ်များကွန်ရက်ဖွဲ့စည်း

    -

    မွန်လူငယ်များအနေဖြင့် လူထုအကြားပိုမိုကောင်းမွန်သည့် လူမှုရေးနှင့် ပညာရေးရာ ကိစ္စရပ်များတွင် ဦးဆောင်မှုကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားနိုင်ရန် တိုင်းဒေသကြီး မွန်လူငယ်များကွန်ရက်ကို မတ်လ (၂၇) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန်မွန်လူငယ်အဖွဲ့ ဥက္ကဋ္ဌ မင်းခိုင်လင်းထွန်းက ပြောသည်။

    ပဲခူး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ငူမြို့နယ်အတွင်းရှိ မွန်လူငယ်များသည် မိမိတို့တိုင်းဒေသကြီးအသီးသီးမှ လိုအပ်ချက်များကို အချင်းချင်း ကူညီဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ သိင်္ဂုတ္တရမွန်ပရိယတ္တိကျောင်းတိုက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်က မွန်လူငယ်ဖိုရမ်(Mon Youth Forum)နဲ့ နည်းည်းကွာခြားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေချင်းက မတူနေဘူး၊ ဥပမာတစ်ခုနဲ့ပြမယ်ဆိုရင် မွန်ပြည်နယ်မှာ မွန်စာပေ၊ မွန်စကားတွေက ပြောတတ် ရေးတတ်တယ်၊ ဒီမှာရှိတဲ့မွန်တွေက အဲလိုမဟုတ်ဘူး” ဟု မင်းခိုင်လင်းထွန်းက ဆက်ပြောသည်။

    တိုင်းဒေသကြီး မွန်လူငယ်ကွန်ရက်များ ဖွဲ့စည်း ခဲ့စဉ်(MNA)

    မွန်လူငယ်ကွန်ရက်များ အားကောင်းလာပါက မွန်နိုင်ငံရေးဖြစ်စဉ်တွင် လူငယ်များမှ အင်အားတစ်ရပ်အနေဖြင့် ထောက်ပံ့ ကူညီနိုင်ခြင်း၊ ယင်းတိုင်းဒေသကြီးရှိ မွန်လူငယ်များ အချင်းချင်း အချိတ်အဆက်ရှိလာသောကြောင့် လုပ်ငန်းဖော်ဆောင်ရာတွင် မြန်ဆန်လာနိုင်ခြင်း စသည့် အကျိုးဆက်များ ရှိလာနိုင်သည်ဟု သူက ဆက်ပြောသည်။

    “ကျွန်မတို့က တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အချိတ်အဆက်ရသွားမယ်၊ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ ဖလှယ်ကြတော့ အမြင်တွေလည်း တိုးတက်လာနိုင်တယ်” ဟု ပဲခူးတိုင်းဒေသကြီး၊ မွန်လူငယ်အဖွဲ့အစည်း အဖွဲ့ဝင် မိချိုအေးက ပြောသည်။

    မွန်လူငယ်များကွန်ရက်ကိုဖွဲ့စည်းနိုင်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပဲခူးမြို့၌ ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

    “လူငယ်တွေက အခုချိန်မှာပဲ သူတို့ကို ပုံသွင်းလို့ရတယ်၊ ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို ဦးစားပေးတယ်။ လူငယ်တွေအနေနဲ့ သူတို့လုပ်သင့်တယ်လို့ ထင်ရင်လုပ်ပါစေ၊ မှားတာမှန်တာက ရှိမှာပဲ” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်က ပြောသည်။

    ယင်းတိုင်းဒေသကြီး မွန်လူငယ်များကွန်ရက် ဖွဲ့စည်ခြင်းနှင့် လုပ်ငန်းစဉ်ချမှတ်ခြင်းကို တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌနှင့် မွန်လူငယ်များ (၅၀) ဦးခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts