spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတပ်မတော်မှကန့်သတ်သည့် မွန်ပြည်သစ်လူထုတွေ့ဆုံပွဲကျင်းပမည့်ကိစ္စ အဆင်ပြေပြီဟု PC ဆို

    တပ်မတော်မှကန့်သတ်သည့် မွန်ပြည်သစ်လူထုတွေ့ဆုံပွဲကျင်းပမည့်ကိစ္စ အဆင်ပြေပြီဟု PC ဆို

    -

    တပ်မတော်မှ လူဦးရေကန့်သတ်လိုက်သည့် မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲများကျင်းပမည့်ကိစ္စ ငြိမ်းချမ်းရေးကော်မရှင် PC ညှိနှိုင်းမှုဖြင့် အဆင်ပြေသွားပြီဟု ယနေ့ထုတ်လွှင့်သော MNTV သတင်းအရ သိရသည်။

    မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ အဆင်ပြေအောင်ညှိနှိုင်းပေးလိုက်ပြီဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက MNTV သို့ ဖုန်းဖြင့် အတည်ပြုပြောကြားခြင်း ဖြစ်သည်။

    ငြိမ်းချမ်းရေးကော်မရှင်နှင့် NMSP ခေါင်းဆောင်များ(Facebook)

    သို့ရာတွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “ကျနော်တို့ တရားဝင် လမ်းကြောင်းအရ ဖြစ်ချင်တာပေါ့နော်၊ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ ညှိပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် တရားဝင် စာမထွက်ရင် တိုင်းနဲ့ ဟိုဒင်း(ပြဿနာတက်) မှာကြောက်လို့” ဟု ပြောသည်။

    ယင်းကဲ့သို့ လူထုတွေ့ဆုံပွဲကိစ္စအဆင်ပြေသွားပြီဆိုသည့်အကြောင်း တရားဝင်အကြောင်းကြားခြင်းမရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနမှ ဗဟိုကော်မတီဝင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

    ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက “အမှန်မှာက အခုမွန်ပြည်သစ်လူထုတွေ့ဆုံပွဲကျင်းပမယ့်နေရာက သူ့ရဲ့တပ်တည်နေရာဧရိယာထဲမှာပဲဆိုတော့ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းစရာမလိုဘူးလို့ မြင်တယ်၊ မွန်ပြည်သစ်အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ၁၇/၁ မရှိတော့ဘူးဆိုတော့ လူထုတွေ သူ့ထိန်းချုပ်ဧရိယာထဲဝင်ထွက်သွားလာလို့ရပါတယ်” ဟု ပြောသည်။

    သို့သော် မွန်ပြည်သစ်ပါတီအနေဖြင့် ၄င်းတို့၏ တပ်တည်ဧရိယာပြင်ပ၌ ကျင်းပမည်ဆိုပါက ခွင့်ပြုချက်လိုအပ်မည်ဖြစ်ကြောင်း သူကဆိုသည်။

    လာမည့် ဧပြီ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရေးမြို့တစ်နေရာ၌ ကိုယ်စားလှယ် ၆၀ဝ ဦးခန့်ပါဝင်မည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများဖြစ်သည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်း-မင်းရွာအနီး(NMSP သထုံခရိုင်)၊ အင်းခွ-တောင်ပေါက်ရွာအနီး(NMSP မော်လမြိုင်ခရိုင်)၊ ရေးမြို့အရှေ့ခြမ်း ဝယ်ဇင်ကျေးရွာ(NMSP ထားဝယ်ခရိုင်)၊ ဘုရားသုံးဆူနယ်စပ် ဂျပန်ရေတွင်းရွာ( NMSP ဗဟိုဝန်းကျင်ဒေသ) ၄ နေရာအပြင် မွန်တိုင်းရင်းသားများနေထိုင်ရာ ရန်ကုန်(သို့မဟုတ်) ပဲခူးတို့တွင် တစ်နေရာကျင်းပရန် လျာထားသည်။

    ထိုသို့ လူထုတွေ့ဆုံပွဲများပြုလုပ်သည့်အခါ လူ ၃၀ ဦးထက်မပိုစေရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အသိပေးပြောကြားလာသဖြင့် အထက်ပါအစီအစဉ်များအား မွန်ပြည်သစ်ပါတီ ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks