spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အား မွန်နှစ်ပါတီလက်ခံတွေ့ဆုံမည့်အလားအလာမရှိ

    မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အား မွန်နှစ်ပါတီလက်ခံတွေ့ဆုံမည့်အလားအလာမရှိ

    -

    မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အား မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ လက်ခံတွေ့ဆုံဆွေးနွေးရန် အလားအလာမရှိကြောင်း သက်ဆိုင်ရာပါတီများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့(Facebook)

    AMDP တွဲဘက်အတွင်းရေးမှူး(၁) မင်းစံတင်က “သူတို့(၂၁ ဦးအဖွဲ့) ပေးပို့စာနဲ့ပတ်သက်ပြီး မစဉ်းစားသေးဘူး သဘောမျိုးပေါ့၊ လက်ခံတာလည်းမဟုတ် လက်မခံတာလည်းမဟုတ် ခဏလေးဆိုင်းငံ့ထားတာပါ” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့်
    အတွက် မွန်နိုင်ငံရေးပါတီများအနေဖြင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်ကိစ္စများအား တစ်လတွင်းအပြီး ဦီးစားပေးဆောင်ရွက်နေရသည့်အတွက် တွေ့ဆုံမည့်ကိစ္စကိုဆိုင်းငံ့ထားရသည်ဟု ၄င်းကဆိုသည်။

    မွန်နှစ်ပါတီ ဆွေးနွေးပွဲ(Facebook)

    အလားတူ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမကလည်း “ကျနော်တို့မှာ နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ဆက်တိုက်ဆိုသလို ညှိနှိုင်းဆွေးနွေးနေကြတယ်၊ ဒီနှစ်ပါတီပေါင်းစည်းရေးကိစ္စပြီးပြတ်မှသာလျင် တွေ့ဆုံဖို့ကိစ္စကို စဉ်းစားပေးမယ်” ဟု ပြောသည်။

    သို့ရာတွင် နိုင်ငံရေးကိစ္စဖြစ်သည့်အတွက် မည်သည့်အခါတွင်နှစ်ပါတီပေါင်းစည်းဖြစ်မည်ကို ပြောရခက်သေးကြောင်း၊ နှစ်ပါတီအနေဖြင့် အဆက်မပြတ်ဆိုသလို ဆက်တိုက် ခပ်စိပ်စိပ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းတွင်လည်း နှစ်ပါတီတွေ့ဆုံကြဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အား လတ်တလောတွင် တွေ့ဆုံရန်မဖြစ်နိုင်သေးကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က သက်ဆိုင်ရာ မွန်နိုင်ငံရေးပါတီများထံ မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့မှ တွေ့ဆုံဆွေးနွေးလိုသည့်စာရေးသားပေးပို့ခဲ့ကြောင်း ၂၁ ဦးအဖွဲ့ပြောခွင့်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ကို မွန်ကိုယ်စားပြုနိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေးရည်ရွယ်၍ ရဟန်းရှင်လူနှင့် နိုင်ငံရေးသမားများအပါအဝင် မွန်လူထုလူတန်းစားအလွှာအသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၈၀ဝ ကျော်ပါဝင်သည့် မွန်နိုင်ငံရေးညီလာခံက ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks