spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနှစ်ဖက်တပ်ဖွဲ့များမှ ပြည်သူများဝန်ထုပ်ဝန်ပိုးနှင့်နစ်နာစေသည့်ကိစ္စရပ်များ ပြုလုပ်ပါက မွန်ပြည်နယ် JMC-S သို့ တိုင်ကြားနိုင်

    နှစ်ဖက်တပ်ဖွဲ့များမှ ပြည်သူများဝန်ထုပ်ဝန်ပိုးနှင့်နစ်နာစေသည့်ကိစ္စရပ်များ ပြုလုပ်ပါက မွန်ပြည်နယ် JMC-S သို့ တိုင်ကြားနိုင်

    -

    မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့်အတွက် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်တပ်ဖွဲ့များမှ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများနှင့် နစ်နာစေသည့်ကိစ္စရပ်များပြုလုပ်ပါက မွန်ပြည်နယ် JMC-S သို့ တိုင်ကြားနိုင်ကြောင်းသိရသည်။

    မွန် JMC-S မုဒုံမြို့နယ် လူထုရှင်းလင်းပွဲ(Internet)

    မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်နိုင်ဦးက “ပြည်သူလူထုကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကိစ္စတွေ မလုပ်ရဘူး၊ လူတွေမဖမ်းရဘူး၊ ဆက်ကြေးတွေမကောက်ရဘူး၊ အခွန်အကောက်တွေမလုပ်ရဘူး၊ လုပ်အား မတရားခိုင်းစေခြင်းမပြုရဘူး၊ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ မြေယာ အဆောက်အဦတွေကို သိမ်းပိုက်ယူခြင်း မပြုရဘူး၊ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့တွေ ပြုလုပ်ခဲ့မယ်ဆိုရင် စာနဲ့ပဲဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ဆီ တိုင်ကြားနိုင်ပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S က မုဒုံမြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲကို အဘစ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယင်းကဲ့သို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

    Caption1- ဒေါက်တာမင်းနွယ်စိုး (Internet)

    အလားတူ JMC-S မွန်အဖွဲ့ဝင် အရပ်သားကိုယ်စားလှယ် ဒေါက်တာမင်းနွယ်စိုးက “NCA စာချုပ်မှာ အဓိက အချက် ၂ ချက်ရှိပါတယ်၊ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို တော်လှန်ပုန်ကန်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ အစပိုင်းမှာလက်နက်ကိုစွန့်ဖို့မလို ကိုယ့်ဟာကိုယ်ကိုင်ထား၊ နိုင်ငံရေးကိုဆွေးနွေးမယ်၊ နောက်ဆုံး လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်းကို ဆွေးနွေးပြီးတော့ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခကိုချုပ်ငြိမ်းသွားမယ်ဆိုတဲ့ တစ်ချက်ပါတယ်၊ နောက်ဆုံးမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ရလဒ်နဲ့အညီ တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်သွားဖို့ဆိုတဲ့ အချက်ပါတယ်၊ ဒါကတော်တော်အရေးကြီးတဲ့အချက်ပါ” ဟု ဆိုသည်။

    ထို့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အပစ်အခတ်ရပ်စဲမှုလုပ်ငန်းတို့သည် တဖက်နှင့်တဖက်အမှီသဟဲ ပြုနေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကောင်းလျင် အပစ်အခတ်ရပ်စဲရေးသည်လည်း ကောင်းမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအခြေအနေကောင်းလျင် နိုင်ငံရေးဆွေးနွေးပွဲလည်း အခြေအနေကောင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲသို့ သွားနေသည့်ကာလများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ချုပ်ငြိမ်းစေရန် ကြိုးစားသွားရန်လိုအပ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ထည့်သွင်းပြောကြားသည်။

    လက်ရှိ မွန်ပြည်နယ် JMC-S ကို အစိုးရကိုယ်စားလှယ် ၅ ဦး၊ KNU ကိုယ်စားလှယ် ၅ ဦး၊ မွန်အရပ်သားကိုယ်စားလှယ် ၂ ဦး၊ ကရင်အရပ်သားကိုယ်စားလှယ် ၂ ဦးဖွဲ့စည်းထားပြီး မကြာမီတွင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များလည်း ပါဝင်လာမည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အစိုးရနှင့် NCA သဘောတူစာချုပ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks