Friday, March 14, 2025
spot_img
Homeသတင်း၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွား

၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွား

-

ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသောအမြန်ရထား DD 939 နှင့် သစ်တင်ကားတစ်စီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာအနီး တိုက်မိသဖြင့် ၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဝယ်သွန်ချောင်အနီး ရထားနှင့်ကားတိုက်မိစဉ်(Facebook)

ယခုတိုက်မှုတွင် လူအသေအပျောက် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာ၌ ပြီးခဲ့သည့်သီတင်းပတ်က ဘုန်းကြီးမောင်းလာသည့်ကားနှင့် ရထား တိုက်မိ၍ ဘုန်းတော်ကြီးတစ်ပါး ပွဲချင်းပြီးပျံလွန်တော်မူသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပေါင်မြို့နှင့် ကျွဲခြံဘူတာအကြား ၁ ကြိမ်၊ သံဖြူဇရပ်- ပင ဘူတာကြားနှင့် ပင- ကရုပ္ပိဘူတာကြား ၂ ကြိမ် ရထားနှင့်ကား မတော်တဆတိုက်မိခဲ့ရာတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရထားလမ်းကို တရားမဝင်နေရာမှဖြတ်သန်းခြင်းကြောင့် ရထားနှင့်ကားတိုက်မှု ဖြစ်ပေါ်ကာ ပြည်သူများအသက်အန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း မွန်ပြည်နယ်၊ ရထားပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးမောင်ဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးမောင်ဇော်က “ရထားဥပဒေသတ်မှတ်ချက်အရ တစ်မိုင်အတွင်းမှာ ဂိတ် ၂ ခုထားလို့မရတဲ့အတွက် ကျေးရွာတွေမှာရှိတဲ့ တရားမဝင် ဖြတ်လမ်းတွေမှာ တံခါးမထားတာပါ၊ ဒါပေမယ့် ပြည်သူတွေကို သတိပေးတဲ့အနေနဲ့ (ရပ်၊ ကြည့်၊ သွား) ဆိုင်းဘုတ်ကို တပ်ထားပေးတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း တရားမဝင်ရထားလမ်းဖြတ်ကူးသည့် လမ်းနေရာ ၈၀ ကျော်ရှိသည့်အတွက် သတိထားပြီး ဖြတ်ကူးစေလိုကြောင်း၊ ပြည်သူများ၊ ယာဉ်များ ၊ စည်းကမ်းရှိစွာဖြတ်ကူးရန်၊ အန္တရာယ်ကင်းစေရန် မြန်မာ့မီးရထားနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲများပြုလုပ်ပြီး လက်ကမ်း စာစောင်များဖြန့်ဝေထားသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts