spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းသြစတေးလျနိုင်ငံ မွန်ဖိုရမ်က အချက် ၅ ချက်ပါ ကင်ဘာရာသဘောတူညီချက်ထုတ်ပြန်

    သြစတေးလျနိုင်ငံ မွန်ဖိုရမ်က အချက် ၅ ချက်ပါ ကင်ဘာရာသဘောတူညီချက်ထုတ်ပြန်

    -

    ကျင်းပပြီးစီးခဲ့သည့် မွန်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖိုရမ်မှ လက်ရှိမွန်တိုင်းရင်းသားတို့၏အရေးနှင့်ပတ်သက်၍ အချက် ၅ ချက်ပါ ကင်ဘာရာသဘောတူညီချက် Canberra Consensus ကို ဇန်နဝါရီ ၂၅ ရက်နေ့က မွန်ဘာသာဖြင့်အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

    စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးစေရေးနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းပေါ်လျှောက်လှမ်းနေသည်ကို ကြိုဆိုပါကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် NCA ကိုလက်ခံပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် မွန်အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် သတိကြီးစွာထားရှိစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

    ကင်ဘာရာသဘောတူညီချက် Canberra Consensus(Copy)

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တွေ့ဆုံဆွေးနွေးမှုအရ နှစ်ပါတီပေါင်းစည်းမည့်သဘောတူညီမှုကို လှိုက်လှဲစွာကြိုဆိုအပ်ပါသည်။

    မွန်အမျိုးသားနိုင်ငံရေးအင်အားစုတည်ဆောက်ရာတွင် မွန်အမျိုးသားထု၏အင်အားဖြင့် “မွန်ကိုယ်စားပြုပါတီ” တည်ထောင်ရေးအတွက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

    ပြည်တွင်းပြည်ပရှိ မွန်လူမှုအသင်းအဖွဲ့အားလုံးပေါင်းစည်း၍ “နိုင်ငံတကာမွန်အရပ်ဖက်လူမှုအဖွဲ့အစည်း” ဖွဲ့စည်းသွားမည်။ ယင်းအဖွဲ့အစည်းသည် မွန်အမျိုးသားရေး၊ နိုင်ငံရေးအတွက်အင်အားစုဖြစ်ပေါ်စေရန် ကြိုးပမ်းလုပ်ဆောင်သွားမည်။

    ယနေ့ကာလတွင် မွန်အမျိုးသားအင်အားစု၊ မွန်နိုင်ငံရေးအင်အားစု တိုးတက်စေရေးအတွက် မွန်အမျိုးသားထုတွင် တောင့်တင်းခိုင်မာသော စီးပွားရေးအင်အားရှိရပါမည်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ စီးပွားရေးပညာရှင်များ ညီညွတ်စွာဖြင့် မွန်အမျိုးသားစီးပွားရေးမဟာဗျူဟာတရပ် ပေါ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်၏ နိဂုံးပိုင်းတွင် ဖော်ပြထားသည်။

    သြစတေးလျနိုင်ငံ ကင်ဘာရာမြို့တော်ရှိ သြစတေးလျအမျိုးသားတက္ကသိုလ်၌ ဇန်နဝါရီ ၂၂ ရက်မှ ၄ ရက်ကြာ ကျင်းပသည့်အဆိုပါဖိုရမ်တွင် နိုင်ငံတကာမှ မွန်အရေးကျွမ်းကျင်သူများ၊ မွန်ပါတီခေါင်းဆောင်များ၊ တတိယနိုင်ငံရောက် မွန်ကိုယ်စားလှယ်များ၊ ပြည်တွင်းမွန်လူမှုအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း CSO လှုပ်ရှားသူများ၊ လူငယ်၊ အမျိုးသမီးနှင့် မီဒီယာအဖွဲ့အစည်းတို့မှ အင်အား ၁၅၀ ကျော်တက်ရောက်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks