spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌတွေ့ဆုံကြမည်

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌတွေ့ဆုံကြမည်

    -

    လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် တွေ့ဆုံမည်ဖြစ်ကြောင်းခိုင်မာသောသတင်းရင်းမြစ်များမှ သိရသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ(MNA)

    မနက်ဖန် ဇန်နဝါရီ ၂၃ ရက်နေ့တွင် နေပြည်တော်၌တွေ့ဆုံလိမ့်မည်ဟု မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး မွန်သတင်းအေဂျင်စီသို့ အတည်ပြုပေးခဲ့ပြီး မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ရက်သတ်မှတ် နိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။

    ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်သစ်ပါတီဥက္ကဌနှင့်အတူ UNFC အဖွဲ့ဝင် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဥက္ကဌလည်းပါဝင်လိမ့်မည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသော်လည်း မွန်သတင်းအေဂျင်စီမှ သီးခြားအတည်မပြုနိုင်သေးပေ။

    UNFC အနေဖြင့် ပိတ်ဆို့နေသောအချက်များရှာဖွေနိုင်ရန် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရေးတောင်းဆိုခဲ့ရာတွင် အမှန်တကယ် NCA လက်မှတ်ရေးထိုးဖြစ်မှသာ တွေ့ဆုံနိုင်မည့်အကြောင်း ငြိမ်းချမ်းရေးကော်မရှင် PC မှ အသိပေးပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks