Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးညီလာခံ မော်လမြိုင်မြို့တွင် ကျင်းပ

    မွန်နိုင်ငံရေးညီလာခံ မော်လမြိုင်မြို့တွင် ကျင်းပ

    -

    မွန်လူထုလူတန်းစားအလွှာအသီးသီးပါဝင်သော မွန်နိုင်ငံရေးညီလာခံတစ်ရပ်ကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ ယနေ့(ဇန်နဝါရ႘လ ၁၃ ရက်) စတင်ကျင်ပလျက်ရှိကြောင်း တွေ့ရသည်။

    အဆိုပါညီလာခံတွင် မွန်လူထုလူတန်းစားအလွှာအသီးသီးမှကိုယ်စားပြုသည့် သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း (၈၀ဝ) ကျော် တက်ရောက်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။

    ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး မိချယ်ရီစိုးက “မွန်တမျိုးသားလုံး ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီရဲ့ ကြန်အင်လက္ခဏာက ဘာတွေလဲ၊ ဘယ်လိုမျိုးဝိသေသတွေရှိမှ သီအိုရီပိုင်းဆိုင်ရာတွေကို အရင်ဆွေးနွေးမယ်” ဟု ဆက်လက်ပြောကြားသည်။

    မွန်နိုင်ငံရေးအင်းအားကောင်းမွန်လာစေရန် မွန်အမျိုးသားကိုယ်စားပြုပါတီ၏ အဓိပ္ပါယ်နှင့်အင်္ဂါရပ် စသည့်တို့ကို ညီလာခံတွင် အစုအဖွဲ့အလိုက် ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

    ညီလာခံကို (၂) ရက်ကြာ ကျင်းပမည်ဖြစ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းတို့လည်း တက်ရောက်နေလျက် ရှိသည်။

    မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင် ဦးဆောင်သော (၁၂) ဦး ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်နေကြောင်း တွေ့ရသည်။

    မွန်အဖွဲ့အစည်းပေါင်း (၃၀) ခန့်က ညီလာခံကို ထောက်ခံကြောင်း သဘောထားအသီးသီး ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။
    သို့ရာတွင် အဆိုပါ မွန်နိုင်ငံရေးညီလာခံကို မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မတက်ရောက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ညီလာခံတွင် မွန်အမျိုးသားကိုယ်စားပြု တရားဝင်နိုင်ငံရေးပါတီတစ်ရပ်သာ ထားရှိရေးအတွက် ဝိုင်းဝန်းအဖြေရှာဆွေးနွေးအဖြေရှာကြမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks