spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားသွေးလှူဒါန်းနေ့အခမ်းအနားကျင်းပ

    မွန်အမျိုးသားသွေးလှူဒါန်းနေ့အခမ်းအနားကျင်းပ

    -

    ရာမညလောဟိတ သွေးလှူအဖွဲ့ (ဗဟို) မှ ကြီးမှူးကျင်းပသော (၈) ကြိမ်မြောက် မွန်အမျိုးသားသွေးလှူဒါန်းနေ့အ ထိမ်းအမှတ်ကို မော်လမြိုင်မြို့ သိမ်ကုန်းရပ်ကွက်ရှိ ပဲခူးမွန်ပရိယတ္တိစာသင်တိုက်တွင် ယနေ့ဇန်နဝါရီလ (၉) ရက်နေ့တွင် ပြုလုပ်ကျင်းပသည်။

    မွန်အမျိုးသားအဆင့် ကူညီကယ်ဆယ်ရေး နေ့ထူးနေ့မြတ် မှတ်တမ်းဖြစ်ပေါ်စေရန်၊ လူမျိုးဘာသာမရွေး သွေးလိုအပ်လျှင် အချိန်မီ ကူညီလှူဒါန်းနိုင်ရန်၊ လူမှုရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖော်ဆောင်နိုင်ရန်နှင့် ကျန်းမာရေးအတွက် ပညာပေးရန် စသော ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပကြောင်း ရာမညလောဟိတအဖွဲ့ ဥက္ကဋ္ဌဖြစ် အရှင်သူရိယက မိန့်ကြားသည်။

    မွန်အမျိုးသားသွေးလှူဒါန်းနေ့(MNA)
    “သွေးလှူဒါန်းတဲ့အဖွဲ့ ရှိနေရင် သွေးလိုရင် ရှာလို့လွယ်မယ်။ သွေးလှူတဲ့သူတွေကိုလည်း ဒီအဖွဲ့ကနေပြီး ဂုဏ်ပြုသွားမယ်။ ဘယ်လူမျိုးမဆို ဒီအဖွဲ့က သွေးလှူပါတယ်။ လာပြီး အလှူခံရင်တော့ သွားလှူပေးပါတယ်” ဟု အရှင်သူရိယက ဆက်လက်မိန့်ကြားသည်။

    မွန်အမျိုးသားသွေးလှူဒါန်းနေ့အထိမ်းအမှတ် အခန်းအနားတွင် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သော အကျိုးထူးပုံကို ဆရာတော်ဘဒ္ဒန္တပါလရာမညက ဟောကြားခဲ့ပြီး ကျန်းမာရေးနှင့် ပတ်သက်သော ပညာပေးရေးကိုလည်း ဒေါက်တာမင်းထွန်းရှိန်က ရှင်းပြခဲ့သည်။

    ဒေါက်တာမင်းထွန်းရှိန်က “လူတစ်ယောက်မှာ ကူးစက်နိုင်တဲ့ရောဂါ ငှက်ဖျား၊ ချောင်းဆိုး၊ AIDS တို့ ရှိနေမယ်ဆို ရင် သွေးလှူလို့မရဘူး။ အမြဲတမ်း ကျန်းမာနေတဲ့လူမှ လှူလို့ရတယ်။ သွေးကလည်း သန့်နေဖို့လိုတယ်။ သွေးသန့်ဖို့က ဗီတာမင်ဘီ၊ ဗီတာမင်စီတွေကို စားသုံးပေးသင့်တယ်” ဟု ပြောသည်။`

    သွေးသန့်ပြီး သွေးအားကောင်းမွန်စေရန် ဗီတာမင်ဘီ ကြွယ်ဝသော ထမင်းရည် သောက်သုံးခြင်း၊ ဖွဲချွတ်နည်း သောဆန်ကြမ်းများကို စားသုံးခြင်း၊ ဗီတာမင်စီ ကြွယ်စသော အချဉ်သီးများကို စားသုံးခြင်း ပြုလုပ်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။

    ပြာသိုလဆုပ် (၈) ရက်နေ့ မနက်ပိုင်းတွင်း အထိမ်းအမှတ် အခန်းနားပြုလုပ်ပြီး နေ့လည်ပိုင်းတွင် အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ဆေးရုံတွင် သွေးစစ်ခြင်း သွေးလှူဒါန်းခဲ့ကြသည်။

    ရာမညလောဟိတအဖွဲ့သည် ဗဟိုအဆင့်၊ မြို့နယ်အဆင့် စသည်ဖြင့်ဒေသအသီးသီးတွင် သွေးလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိပြီး ယခုနှစ်အတွင်း မော်လမြိုင်မြို့နယ်တွင် သွေးလှူဒါန်းမှု (၁၀၆) ကြိမ်ရှိခဲ့သည်ဟု သိရသည်။

    သွေးသွင်းရန် လိုအပ်သော လူနာများကို အချိန်မီ ကူညီနိုင်ရန်နှင့် အလွယ်တကူ ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက် (၂၀ဝ၇) ခုနှစ်တွင် ရာမညလောဟိတအဖွဲ့ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    ရာမညလောဟိတအဖွဲ့ ဦးဆောင်တည်ထောင်သူ အရှင်ဥက္ကံသ (ဦးဇင်းအဇ္ဇ) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ပြာသိုလဆုပ် (၈) ရက်နေ့ကို မွန်အမျိုးသားသွေးလှူဒါန်းနေ့အဖြင့် သတ်မှတ်ကာ (၂၀၁၁) ခုနှစ်မှ အထိမ်းအမှတ်နေ့ကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts