spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းပငကျေးရွာတွင် စာပေဟောပြောပွဲကျင်းပ ပရိတ်သတ်ထောင်ကျော်တက်ရောက်

    ပငကျေးရွာတွင် စာပေဟောပြောပွဲကျင်းပ ပရိတ်သတ်ထောင်ကျော်တက်ရောက်

    -

    အနာဂတ်တွင် ပညာရေး၊ လူမှုရေးနှင့်ပတ်သက်ပြီး စာရိတ္တကောင်းမွန်သည့် လူငယ်ခေါင်းဆောင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာ အနာဂတ်အလင်းအဖွဲ့မှ ဦးစီးပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် စာပေဟောပြောပွဲ ကျင်းပခဲ့ရာ ပရိတ်သတ်တစ်ထောင်ကျော် တက်ရောက်ကြောင်း တွေ့ရှိရသည်။

    အဆိုပါစာပေဟောပြောပွဲတွင် “မွန်အမျိုးသားပညာရေးလမ်းကြောင်းနှင့် အနာဂတ်လူငယ်များပေါ်ပေါက်လာရေး” ကို မွန်အမျိုးသားပညာရေးဌာနမှ ဆရာမင်းအောင်ဇေက မွန်ဘာသာနှင့် “ရသနှလုံးသား ရသကမ္ဘာ” ဆိုသည့်ခေါင်းစဉ်ဖြင့် စာရေးဆရာ ညီမင်းညိုတို့က ဗမာဘာသာဖြင့်ဟောပြောခြင်းဖြစ်ပြီး ကျောင်းသား/သူများ၊ လူငယ်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် အနီးဝန်းကျင်ကျေးရွာမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

    ဆရာဇေ ဟောပြောချက်(ခရမ်းပြာ)

    ဆရာမင်းအောင်ဇေက “ယခုခေတ်လူငယ်အများစုက ဖုန်းတစ်လုံးနဲ့အချိန်ကုန် နေတတ်သလို မူးယစ်ဆေးဝါး ကြောင့်ဘဝပျက်သွားသည့်လူငယ်လည်း များစွာရှိနေသည်ကိုလည်းလက်တွေ့ မြင်နေတွေ့ နေရပါတယ်၊ အနာဂါတ်မှာ နိုင်ငံ့တာဝန်၊ အမျိုးသားတာဝန်ကိုထမ်းဆောင်နိုင်မယ့် လူငယ်တွေ ပေါ်ပေါက်လာဖို့အတွက် အရေးကြီးဆုံးက ပညာရေးပဲ” ဆိုသည်။

    လက်ရှိ မွန်အမျိုးသားပညာရေးကို အထင်မသေးမိစေရန်၊ မွန်ပညာရေးကိုဆုံးခန်း တိုင်အောင် သင်ကြားသွားမည်ဆိုပါက အစိုးရကျောင်းကဲ့သို့ပင် ဘွဲ့ရပြီးအလုပ်ဝင်လုပ်နိုင်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှိကြောင်း၊ နိုင်ငံခြား တက္ကသိုလ်များတွင်လည်း သွားရောက်ပညာသင်ကြားနိုင်ကြောင်း သူကဆိုသည်။

    “မွန်အမျိုးသားပညာရေးကော်မတီ (MNEC) အနေနဲ့ အစိုးရပူးပေါင်းပြီးတော့ အမျိုးသား ပညာရေးအတွက် လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် မွန်ပြည်သူတွေအနေနဲ့လည်း မိမိအမျိုးသားပညာရေး တိုးတက်ဖို့အတွက် ပူးပေါင်းပါဝင်စေချင်တယ်” ဟု မင်းအောင်ဇေက ဆိုသည်။

    တဖက်တွင်လည်း မြန်မာနိုင်ငံတွင် ပညာရေးအစား မူးယစ်ဆေးဝါးဘက်ကိုသာ စိတ်ပါဝင်စားနေသည့်လူငယ်များ တိုးပွားများပြားလာသည့်အတွက် ပညာရေးအပိုင်းတွင် အားနည်းလာသဖြင့် တိုင်းပြည်၏ တိုးတက်မှုလျော့နည်းလာသလို ပညာတတ်လူငယ်လည်းလျော့နည်း လာမည်ဖြစ်ကြောင်း စာရေးဆရာ ညီမင်းညိုက ဆိုသည်။

    ဆရာ ညီမင်းညိုက “လေးလေးနက်နက်ရှိတဲ့ လူငယ်တွေများတဲ့ တိုင်းပြည်ရဲ့အနာဂါတ်ဟာ ပေါ့ပေါ့ပါးပါးရှိပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားလူငယ်တွေများတဲ့ တိုင်းပြည်ရဲ့အနာဂါတ်ဟာ ခက်ခဲလေးလံမှာဖြစ်တယ်” ဟု ဆိုသည်။

    စာပေဟောပြောပွဲပရိတ်သတ်များ(ခရမ်းပြာ)

    မည်သည့်နိုင်ငံ မည်သည့်တိုင်းပြည်တွင်မဆို လူတစ်ဦးတစ်ယောက်ချင်းစီ၏ နှလုံးသားကောင်းမွန်မှ တိုင်းပြည်၏ပညာရေး၊ တိုင်းပြည်၏နိုင်ငံရေးအခြေအနေ ကောင်းမွန်လာမည်ဟု ဆရာညီမင်းညိုက ထောက်ပြခဲ့သည်။

    ပငကျေးရွာ လူငယ်ခေါင်းဆောင် ဗညားမွန်က “ဆရာနှစ်ဦးစလုံး ဟောပြောသွားတာ အားရကျေနပ်မိပါတယ်၊ ဆရာဇေရဲ့ မွန်အမျိုးသားပညာရေးနဲ့ပတ်သက်ပြီး ဟောပြောချက်တွေက ကျနော်တို့မသိခဲ့တာ နားမလည်ခဲ့တာကို သိရတော့ လူငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တွေ အခွင့်အလမ်းတွေ အများကြီးရှိနေပါလားလို့ အရမ်းကိုဝမ်းသာမိတယ်၊ ဖက်ဒရယ်ပညာရေးအကြောင်းတွေလည်း သိရတယ်၊ နောက်ဆရာညီမင်းညိုလည်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးမှာ အရေးကြီးဆုံးက အာဏာပိုင်တွေမှာ တာဝန်အရှိဆုံးလို့ပြောပါတယ်၊ NLD အရပ်သားအစိုးရလက်ထဲမှာ အာဏာအပြည့်အဝမရှိတဲ့အကြောင်းတွေလည်း ဟောပြောခဲ့တယ်” ဟု ဆိုသည်။

    အလားတူ ယခုကဲ့သို့စာပေဟောပြောပွဲကို ပထမဆုံးအကြိမ်တက်ရောက်နာထောင်ြခင်းဖြစ်ပြီး ဆရာများဟောပြောသွားသည့် အကြောင်းအရာများမှာ ကျောင်းသူ/ သားအများတွက် အလွန်အကျိုးရှိကြောင်း နဝမတန်း ကျောင်းသူ တစ်ဦးကဆိုသည်။

    ယခုကျင်းပသည့်စာပေဟောပြောပွဲသည် ပင ကျေးရွာတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်နှစ်များတွင် ဆက်လက်ကျင်းပနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks