spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းချေးငွေထုတ်ချေးနိုင်ရေး မွန် SME လုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးဘဏ် ဆွေးနွေး

    ချေးငွေထုတ်ချေးနိုင်ရေး မွန် SME လုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးဘဏ် ဆွေးနွေး

    -

    မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင် လုပ်ငန်းရှင်များနှင့် အသေးစားအလတ်စား SME လုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ချေးငွေ ထုတ်နိုင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့က မော်လမြိုင်မြိုရှိ ကုန်စည်ဒိုင်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် ပြည်နယ်အတွင်း ရော်ဘာအဆင့်မြှင့်သန့်စင်စက်ရုံတည်ဆောက်ရန် ရော်ဘာလုပ်ငန်းရှင် ၃၀ ဦးတို့၏ ချေးငွေရရှိရန်အတွက် တင်ပြထားမှုနှင့် ပတ်သက်ပြီး ဘဏ်သတ်မှတ်ချက်နှင့် ကွာဟမှုရှိနေသည့်အပေါ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    မွန်လုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးဘဏ်ဆွေးနွေးပွဲ(MNA)
    “ငွေချေးဖို့အတွက်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ဘဏ်ကနေပြီးတော့ လက်ခံနိုင်တဲ့အနေအထား ကွာဟမှုအနည်းငယ်ရှိနေတဲ့အတွက်ကြောင့် ချေးငွေရဖို့ အခက်အခဲအနည်းအကျဉ်းရှိနေတာမို့လို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ လုပ်ငန်းရှင်တွေက တွေ့ဆုံဆွေးနွေးကြတာပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

    တွေ့ဆုံဆွေးနွေးမှုရလဒ်အရ ပိုင်ဆိုင်မှုအာမခံပေးရာတွင် ဂရန်မရှိသော်လည်း ပုံစံ (၇) နှင့် ပြည်နယ်အစိုးရ၏ အာမခံချက်ပေးမည်ဆိုပါက ချေးငွေ ရရှိရန်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

    သို့သော်လည်း အစိုးရအနေဖြင့် လုပ်ငန်းရှင်များ တင်ပြလာသည့် အဆိုပြုချက်အတိုင်း လက်တွေ့တွင် ဖြစ် မဖြစ်နှင့် ပိုင်ဆိုင်မှုအခြေအနေကို ပြန်လည်စိစစ်ရမည့်အနေအထားရှိသည်ဟု ဦးစောအောင်မြင့်ခိုင်က ဆက်ပြောသည်။

    လုပ်ငန်းရှင်အများစုသည် ချေးငွေ ချေးယူလိုကြသော်လည်း ပိုင်ဆိုင်မှုအာမခံပေးရာတွင် ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံမှုမရှိသည့်အတွက် ချေးငွေ ရယူရန် အခက်အခဲရှိနေသည်ဟု လုပ်ငန်းရှင်နှင့် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတို့က ပြောသည်။

    “တောင်သူတွေရဲ့ အားနည်းချက်က ကျနော်တို့အားလုံးနီးပါးက ပုံစံ (၇) ပဲရှိတယ် ပုံစံ (၇) နဲ့ ချေးပေးနိုင်ဖို့ အကယ်၍ ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင် ကျနော်တို့ ပြည်နယ်အစိုးရကနေပြီးတော့ ထုတ်ချေးပေးနိုင်ဖို့ ဘဏ်က ပြည်နယ်အစိုးရကိုချေး ကျနော်တို့က ပြည်နယ်အစိုးရဆီမှချေး တဆင့်ပြန်ချေးစေချင်ပါတယ်” ဟု မွန်ပြည်နယ်ကုန်သည်များအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းထိန်က ပြောသည်။

    ထိုအတူ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော်အတွက် ချေးငွေ ထုတ်ချေးပေးနိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts