Homeသတင်းကဗျာဝကမ်းခြေ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း

ကဗျာဝကမ်းခြေ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း

-

ကဗျာဝပင်လယ်ကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများပြားလာသည်နှင့်အမျှ ကမ်းခြေအား စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာဝကမ်းခြေသဘာဝ၀န်းကျင် သန့်ရှင်းရေးနှင့်

ထိန်းသိမ်းရေးကော်မတီကို နိုဝင်ဘာလ နောက်ဆုံးပတ်က ဖွဲ့စည်းလိုက်ကြောင်း
ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယင်းကော်မတီတွင် ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ နာယကအဖြစ်ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုမှ ဆောင်ရွက်မည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည်ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောသည်။

ကဗျာဝကမ်းခြေ(MNA)
”လည်ပတ်သူများလာတာနဲ့အမျှ စွန့်ပစ်ပစ္စည်းတွေများလာတယ်၊ ဆိုင်တွေက စည်းကမ်းမဲ့စွန့်ပစ်တာတွေ၊ ကမ်းခြေစည်ကားလာသလို ဈေးဆိုင်ခန်းတွေ စည်းကမ်းမဲ့ဆောက်လုပ်လာတာတွေကြောင့် ကမ်းခြေကိုစနစ်တကျကြီးကြပ်ဆောင်ရွက်ဖို့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ကမ်းခြေသာယာလှပရေးအတွက် စီမံချက်များရေးဆွဲအကောင်အထည် ဖော်ခြင်းအပါအဝင် သဲသောင်ပြင်တွင် ရွှေ့ပြောင်းဈေးသည်များရောင်းချခြင်းမပြုလုပ်ရေး၊ လာရောက်လည်ပတ်သူများအနှောင့်အယှက်မဖြစ်စေရေး၊ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရေးကြီးကြပ်ဆောင်ရွက်ခြင်း၊ ကမ်းခြေအတွင်းသဲတူးဖော်ခြင်း၊ သယ်ယူခြင်းမပြုလုပ်ရေး၊ ဆိုင်ခန်းနှင့်အဆောက်အဦးများဆောက်လုပ်ရာတွင် သက်ဆိုင်ရာမှခွင့်ပြုချက်ရရှိမှသာဆောင်ရွက်စေရေး စသည့်ကြီးကြပ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

“ အွန်လိုင်းမှာစတွင်ကျယ်လာတယ်၊ ရေးက အလားအလာ ကောင်းပါတယ်၊ စီစဉ်နေတဲ့ ခရီးစဉ်တွေထဲမှာ လတ်တလောဧည့်သည်တွေစိတ်ဝင်စားဆုံးကမ်းခြေတစ်ခုပါ၊ တင်လိုက်ပြီဆိုရင်လဲ ကွန်းမန့်နဲ့ like တွေ ရှယ်တာတွေလဲ အရမ်းများပါတယ်။ နောက်ပိုင်းဒီထက်များလာလိမ့်မယ်လို့ သုံးသပ်ပါတယ်၊ ရှေ့အလားအလာ အရမ်းကောင်းပါတယ် ” ဟု ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မြို့အခြေစိုက် Aurum Company Limited က ဒေါ်လာ ၁၂ သန်း ကနဦးရင်းနှီးမြှုပ်ရန် ပြီးခဲ့သည့်အစိုးရလက်ထက်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးထားပြီး အဆိုပါကျေးရွာအနီးပင်လယ်ကမ်းခြေတလျှောက်နှင့် တောင်ဘက်မကျီးချောင်းဝအထိ ၈ မိုင်ခန့်ရှိကာ အဆင်မြင့်အခန်း ၁၂၀ အပါအဝင် ဘန်ဂလိုများ၊ ရုံးခန်းများ၊ ကားရပ်နားရန်နေရာများ၊ ရေကူးခန်းများ၊ စားသောက်ခန်းများပြုလုပ်မည်ဟု Aurum Company Limited မှ မန်းနင်းဂျင်းဒါရိုက်တာ ဦးဋ္ဌေးသွင်က ပြောဆိုထားပြီး မြေယာကိစ္စများကြောင့် ယနေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသေးသော်လည်း လုပ်ငန်းရှင်အချို့က ဟိုတယ်နှင့် ဘန်ဂလိုများဆောက်လုပ်ရန် မြေနေရာဝယ်ယူမှု၊ တည်ဆောက်ရန် လျာထားမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

ရေးမြို့မှ ကမ်းခြေသို့ ကတ္တရာလမ်းအတိုင်း ကားဖြင့် ၄၅ မိနစ်ခန့် သွားရောက်နိုင်ပြီး နေ့စဉ်လာရောက်လည်ပတ်သူများဖြင့်စည်ကားလျက်ရှိပြီး ရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည် ၅၀ဝ၀ကျော်ခန့် လာရောက်လည်ပတ်ကြလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts