spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ကျွဲကောသီးပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး သင်တန်းပို့ချ

    မွန်ပြည်နယ် ကျွဲကောသီးပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး သင်တန်းပို့ချ

    -

    မွန်ပြည်နယ်ထွက် ကျွဲကောသီးများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းပညာ သင်တန်းကို ဂျာမဏီနိုင်ငံမှပညာရှင်းများက မော်လမြိုင်မြို့ရှိ ကုန်စည်ဒိုင်ခန်းမ၌ နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည်။

    မွန်ပြည်နယ်တွင် ရာဘာစိုက်ပျိုးခြင်းသည်ပထမနေရာယူထားပြီး ကျွဲကောစိုက်ပျိုးရောင်းချခြင်းက ပြည်နယ်၏စီးပွားရေး ဒုတိယနေရာတွင်ရှိနေသည့်အတွက် ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရန် သင်တန်းပေးရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာလ်၊ ဟင်းသီး ဟင်းသီးရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးသန်းက မွန်သတင်း အေဂျင်စီသို့ ပြောသည်။

    ကျွဲကောသီးစိုက်ပျိုးရေးနည်းပညာ သင်တန်း(MNA)
    ဦးအေးသန်းက “ မွန်ပြည်နယ်မှာဆိုရင် ကျွဲကောသီးအစိုက်များတယ်၊ ဒါပေမယ့်ပြည်ပဈေးကွက် တင်ပို့နိုင်တဲ့အထိ အရည်အသွေးမမီသေးဘူးဆိုတော့၊ ကျွဲကောစိုက်တဲ့တောင်သူတွေ နည်းပညာ ကောင်းတွေရအောင်၊ အရည်အသွေးကောင်းတဲ့ကျွဲကောတွေထုတ်နိုင်အောင်၊ ပြည်ပဈေးကွက်တင် ပို့နိုင်အောင်ရည်ရွယ်ပြီး ဒီသင်တန်းကိုဖွင့်ရခြင်းဖြစ်တယ်၊ အဓိကရည်ရွယ်ချက်ကလည်းအဲဒါဘဲ” ဟုဆိုသည်။

    ကျိုက်ထို ၊ဘီးလင်း၊ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျွဲကောအများဆုံးစိုက်ပျိုးလျက်ရှိပြီး တောင်သူများစီးပွားဖြစ်ထွန်းစေရန်၊ ရေရှည်စီးပွားဖြစ်ရန်၊ အရည်အသွေးပြည့်မီသည့်ကျွဲကောသီး ရနိုင်ရနိုင်ဖို့က စိုက်ပျိုးသည့် နည်းပညာအပေါ်မူတည်နေကြောင်း ဦးအေးသန်းက ဆိုသည်။

    အဆိုပါသင်တန်းတွင် မြေသြဇာထည့်နည်းများ၊ အသီးအထွက်နှုန်းများထိန်းသိမ်းနည်း၊ ပိုးမကျအောင် ထိန်းသိမ်းနည်းများ ပါဝင်နေသည့်အတွက် သစ်သီးစိုက်ပျိုးသူများအတွက် များစွာအထောက်အကူဖြစ် စေသည်ဟု သင်တန်းတက်ရောက်သူ သစ်သီးစိုက်ပျိုးသည့်ခြံပိုင်ရှင် ဒေါ်ကျင်သန်းက ပြောသည်။

    “ ဒီသင်တန်းက အန်တီတို့လို သစ်သီးစိုက်ပျိုးတဲ့ခြံရှင်တွေအနေနဲ့ အများကြီး အထောက်အကူ ဖြစ်စေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပင်တွေကိုပြုပြင်တဲ့နည်းတွေ၊ မြေသြဇာအသုံးပြုနည်းတွေ၊ ပိုးကျရင်ဘယ်လိုပြန်လည်ပျိုးထောင်မလဲ၊ တစ်ကယ်လို့သူတို့ပြောပြတဲ့နည်းလမ်းအတိုင်း စနစ်တကျ လိုက်လုပ်မယ်ဆို၊ အပင်ပျက်နှုန်းနည်းမယ်လို့ မျှော်လင့်တယ်” ဟု ဒေါ်ကျင်သန်းက ဆိုသည်။

    မွန်ပြည်နယ်အတွင်း ကျွဲကောစိုက်ပျိုးဧကပေါင်း ၄၀ဝ၀ ကျော်ရှိသော်လည်း ပြည်ပဈေးကွက်ထိုး ဖောက်နိုင်သည့်အရည်အသွေးမမီသေးသည့်အတွက် အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks