spot_img
Saturday, December 20, 2025
More
    spot_img
    Homeဆောင်းပါးရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

    ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

    -

    မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် ခိုင်မြဲသည့် ဖွံ့ ဖြိုးရေးပန်တိုင် (၁၇) ရပ်အား အကောင်အထယ်ဖော်သည့် သတင်းများအား ထိထိရောက်ရောက် သတင်းရေးသားပေးပို့ နိုင်ရန် ဆွေးနွေးခဲ့သည်။

    ထိုအစည်းအဝေးတွင် အာရှ-ဥရောပဖောင်ဒေးရှင်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် နိုင်ငံပေါင်း (၅၃) နိုင်ငံမှ နိုင်ငံခြားသတင်းထောက်ပေါင်း (၄၀) ခန့် နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များ၊ မြန်မာသတင်းမီဒီယာကောင်စီမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံမှ သတင်းထောက်များ တက်ရောက်သည်။

    အစည်းအဝေးတွင် ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင် (၁၇) ရပ်အား ‘အပြုသဘောဆောင်သည့် သတင်းပညာ’ (Constructive Journalism) ဖြင့် သတင်းရေးသားရန် ဒိန်းမတ်သတင်းစာ World Best News မှ Ms. Sphie Hytter မှ တင်ပြခဲ့သည်။ အစိုးရ၊ နိုင်ငံတကာအန်ဂျီအို နှင့် လူမှုအဖွဲ့ အစည်းများမှ အကောင်အထယ်ဖော်နေသည့် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ရပ်အတွက် မှန်ကန်သောအချက်အလက်များ ရယူကာ ကောင်းမွန်သည့်ရလာဒ်ကို ဦးတည်သည့် သတင်းပုံစံမျိုး ရေးသားရန် တင်ပြခဲ့ပေသည်။

    ထိုတင်ပြချက်သည် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံအနေအထားဖြင့် ကြည့်မည်ဆိုပါက ကုလသမဂ္ဂဖွံ့ ဖြိုံးရေး ပန်းတိ်ုင် (၁၇) ရပ်အတွက် အနှုတ်သဘောဆောင်သည့် အချက်အလက်များ၊ ပြုသဘော မဆောင်သည့်အချက်အလက်များ ရှိနေသောကြောင့် မြန်မာသတင်းထောက်များ၏ တာဝန်အရ ဆက်လက်စောင့်ကြည့်နေရမည်ဟု မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်အဖွဲ့ (MJN) မှ ဦးမြင့်ကျော်မှ ဆိုသည်။ ၄င်းအပြင် မြန်မာနိုင်ငံသတင်းထောက်များမှ မှန်ကန်သော အချက်အလက်များအား အစိုးရဌာနမှ ရယူနိုင်ရန်လည်း အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

    ဦးမြင့်ကျော်မှ “အစိုးရဌာနတွေက သတင်းထောက်တွေကို အချက်အလက်တွေ ပေးဖို့ ကြောက်နေဆဲ ဖြစ်တယ်၊ ဘယ်သတင်းနှင့် အချက်အလက်တွေက လှို့ ဝှက်ထားသင့်တယ်၊ ဘယ်အချက်အလက်တွေက ပြည်သူတွေကို သတင်းမီဒီယာကနေတဆင့် ဖြန့်ဖြူးသင့်တယ် ဆိုတာမျိုးကို ဌာနဆိုင်ရာတွေမှာ တိကျတဲ့ သတ်မှတ်ချက် ခွဲခြားချက်တွေ မရှိတဲ့အတွက် ပြည်သူတို့ရဲ့ သိပိုင်ခွင့် အခွင့်အရေးဟာလည်း ဆုံးရှုံးရတာပေါ့” ဟု ဆိုသည်။

    အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ရပ်အတွက် ဒေသနှစ်ဒေသမှ သတင်းထောက်များ အာရုံစိုက် သတင်းရေးသားရမည့်အပြင်၊ သတင်းထောက်များအနေဖြင့် ပညာပေးသူအနေဖြင့် တာဝန်ယူ လုပ်ဆောင်နိ်ုင်ကြောင်း ဆွေးနွေးကြသည်။

    သို့ရာတွင် ဦးမြင့်ကျော်မှ သုံးသပ်ရာတွင် ထိုကုလသမဂ္ဂပန်းတိုင် (၁၇) ရပ်အတွက် သတင်းပေးပို့ခြင်း၊ ပညာပေးခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံမီဒီယာလောကတွင် သတင်းထောက်နှင့် အယ်ဒီတာများ၏ အရည်အသွေးပိုင်းမှာလည်း အရေးကြီးကြောင်း ဆိုသည်။ ၄င်းအပြင် ပန်းတိုင် (၁၇) ရပ်အတွက် သတင်းရေးသားရန် မလိုသေးပဲ အချို့သောအရေးကြီးသည့် ပန်းတိုင်များကို ဦးစားပေးသင့်သည်ဟု ဆိုသည်။

    ဦးမြင့်ကျော်မှ ဆက်လက်အကြံပြုရာတွင် “ဒီပန်းတိုင် (၁၇) အတွက် အချို့ သော ပန်းတိုင်တွေဆို မြန်မာနိုင်ငံအခြေအနေအရ မလုပ်နိုင်သေးဖူး မြင်တောင်မမြင်သေးဖူး ဖြစ်နေတယ်၊ ဒါကြောင့် ကျနော်တို့ တကယ်အကောင်အထယ်ဖော်နေတဲ့အရာတွေကိုပဲ ကျနော်တို့ ဦးစားပေး ရေးသင့်တယ်ပေါ့။ ဥပကာ ပညာရေး ကျန်းမာရေး ဆင်းရဲမှု ပပျောက်ရေး စတာတွေပေါ့။ ဥပမာ တာဝန်ရှိသော စားသုံးသူနှင့် ထုတ်လုပ်သူ ကိစ္စတွေကျတော့ ကျနော်တို့ နဲ့ နည်းနည်းဝေးနေသေးတယ်” ဟု ပြောသည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးပန်းတိုင် (၁၇) ရပ်အတွက် သတင်းရေးသားရာတွင် အချက်အလက်များ အပြည့်အဝ ရယူဖို့ရာ မြန်မာနိ်ုင်ငံမှာ ‘အချက်အလက်ရယူခွင့်’ ဥပဒေတရပ်ရှိရန် လိုအပ်နေပြီး သတင်းဌာနများအနေဖြင့် မည်သည့်ပန်းတိုင်အတွက် သတင်းတွေကို ဦးစာပေးဖေါ်ပြသွားရန် အယ်ဒီတာများမှ ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

    ကုလသမဂ္ဂမှ ချမှတ်သည့် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) မှာ – (၁) ဆင်းရဲမှုပပျောက်ရေး၊ (၂) ငတ်မွတ်မှု ပပျောက်ရေး၊ (၃) ကျန်းမာရေးသန်စွမ်းမှု (၄) အရည်အသွေးရှိသည့်ပညာရေး၊ (၅) ကျား/မ တန်းတူမှု၊ (၆) သန်ရှင်းသောရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ (၇) သန့်ရှင်းသည့် အစွမ်းအင် အသုံးပြုနိုင်ရေး (၈) အလုပ်အကိုင်ရရှိမှုနှင့် စီးပွားရေးတိုးတက်ရေး (၉) စက်ရုံလုပ်ရုံ ထီထွင်မှုအသစ်နှင့် အဆောက်အဦများ ပြည့်စုံရေး (၁၀) မတူညီမှု လျော့ချရေး၊ (၁၁) ရေရှည်တည်တန့်သည့် မြို့ ပြနှင့် ရပ်ရွာများ၊ (၁၂) တာဝန်ရှိသော စားသုံးသူနှင့် ထုတ်လုပ်ရေး၊ (၁၃) ရာသီဥတု ပြန်လည်ထိန်းသိမ်းရေး၊ (၁၄) ရေအောက်သက်ရှိများ ထိန်းသိမ်းရေး၊ (၁၅) မြေပေါ် သက်ရှိများ ထိန်းသိမ်းရေး၊ (၁၆) ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ခိုင်မာသောအဆောက်အဦများ ပေါ်ပေါက်ရေး၊ နှင့် (၁၇) ပန်းတိုင်အတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်သည်။

    (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်မှ ဖွင့်လှစ် အမှာစကားပြောကြားကား အာရှ-ဥရောပ ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ Mr. Karsten Warnecke မှ မိန့်ခွန်းပြောကြားကာ အစည်းအဝေးအား နေပြည်တော်ရှိ တုံဂပူရီဟိုတယ်တွင် ကျင်းပသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts