spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်မည့်ကိစ္စ မွန်ပြည်နယ်တွင် ညွှန်ကြားချက်မရှိသေး

    ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်မည့်ကိစ္စ မွန်ပြည်နယ်တွင် ညွှန်ကြားချက်မရှိသေး

    -

    နိုင်ငံတော် သမ္မတရုံးမှ တစ်နိုင်ငံလုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်တင် မြှောက်ရန် စီစဉ်နေသည့်အပေါ် မွန်ပြည်နယ်ရှိ မြို့နယ်များသို့ ညွန်ကြားချက်မရှိသေးဟု မုဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးမှ သိရသည်။

    အဆိုပါကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် သတင်းထွက်ပေါ်လာခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ငါးလအတွင်း အပြီးရွေးချယ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
    မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က “ပြည်နယ်နဲ့ ခရိုင်တို့ကနေပြီးတော့ ဘာမှညွှန်ကြား တာတော့ မရှိသေးပါဘူး။ သတင်းတော့ကြားတယ်။ ပဲခူးတိုင်းတို့ မကွေးတိုင်းတို့ဘက်တော့ သတင်းကြားတယ်။ တို့မွန်ပြည်နယ်မှာလည်း တရားဝင် ညွှန်ကြားထားတာလည်း မရှိသေးပါဘူး” ဟု ပြောသည်။

    ရပ်ကျေးရွေးကောက်ပုံအဆင့်ဆင့်(Copy)

    ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးမည်ဆိုသော သတင်းသာကြားနေရပြီး ကျေးရွာများတွင် လှုပ်ရှားမှုများမရှိသေးကြောင်းနှင့် မြို့နယ်မှလည်း ကျေးရွာများကို ညွှန်ကြားထားခြင်းလည်းမရှိသေးကြောင်း သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ပြောသည်။

    မွန်ပြည်နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုမှကြီးကြပ်ရေးမှူး (၅) ဦးစီကနဦး ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရာအိမ်မှူးတွေထဲမှ အုပ်ချုပ်ရေးမှူးကို ဆက်လက်ရွေးချယ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks