spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းUPDJC အစည်းအဝေးမှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံး သပ်ရန်သာ သဘောတူညီရရှိခဲ့

    UPDJC အစည်းအဝေးမှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံး သပ်ရန်သာ သဘောတူညီရရှိခဲ့

    -

    ပြီးခဲ့သည့်အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ နှစ်ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှုပူးတွဲကော်မတီ Union Political Dialogue Joint Committee-UPDJC ၏ (၁၂) ကြမ်မြောက် အစည်းအဝေးမှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework) နှင့် လုပ်ငန်းလမ်းညွှန်များ (ToR) ပြန်လည် သုံးသပ်ရေးကိုသာ သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

    “ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Framework တွေ၊ နောက် လုပ်ငန်းလမ်းညွှန်တွေ အဲဒါတွေကို ပြန်ပြီးသုံးသပ်မယ်။ ပြင်သင့်တာပြင်မယ်။ နောက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးဖို့ ကျင်းပတဲ့ပုံစံတွေ တစ်နေရာနဲ့ တစ်နေရာ ကွဲလွဲနေတဲ့ Standard Operating Procedure(SOP) ကို ဘယ်သူကခွင့်ပြုပြီး ဘယ်လိုစနစ်တကျရေးဆွဲဖို့တွေ၊ မူဘောင်ရယ်၊ လုပ်ငန်းလမ်းညွှန်ရယ်၊ ဒီ SOP တွေကို မူကြမ်းရေးဆွဲဖို့ဆိုပြီး အလုပ်အဖွဲ့ကို အစုအဖွဲ့တစ်ခုစီကနေ ၈ ယောက်ပါတဲ့အလုပ်အဖွဲ့ ၂၄ ဦး နဲ့ဖွဲ့ဖို့အတွက် သဘောတူညီမှုရတယ်”ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်က ပြောသည်။

    (၁၂) ကြမ်မြောက် UPDJC အစည်းအဝေး(Nai Ko Thu)
    အဆိုပါ အလုပ်အဖွဲ့က လာမည့် နိုဝင်ဘာ တတိယအပတ်တွင် သုံးသပ်ပြင်ဆင်ခြင်းကိစ္စကို စတင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ ရရှိခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းကို လွှတ် တော်သို့ တင်သွင်းမလား၊ မတင်သွင်းဘူးလားဆိုသည်ကိုသာ ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး ယတိပြတ် ဆုံးဖြတ် နိုင်ခြင်းမရှိခဲ့ဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီသာ သွားရမည်ဟု စိုင်းကျော်ညွှန့်က ပြောသည်။

    ယခုအစည်းအဝေးတွင် တက်ရောက်လာကြသူများက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့်လုပ်ငန်း လမ်းညွှန်(ToR)များ ပြန်လည်သုံးသပ်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်းသည့် Standard Operating Procedure(SOP) မူကြမ်းရေးဆွဲရေးနှင့် အလုပ်အဖွဲ့ဖွဲ့စည်းရေး ကိစ္စ၊ အကြောင်းအရာအလိုက် အမျိုးသာအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (CSO Forum) ကျင်းပနိုင်ရေး နှင့် မူဝါဒစာတမ်း တင်ပြနိုင်ရေးကိစ္စ၊ UPDJC Proposal drafting process ကိစ္စနှင့် အထွေထွေ ကိစ္စ ရပ်များကို ဆွေးနွေးကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

    ယခုအစည်းအဝေးတွင် UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ယခုနှစ်အတွင်း မဖြစ်မနေလုပ်ရန် သန္ဓိဋ္ဌာန် ချထားပြီး EAO၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်ကပါ အားလုံးဝိုင်းဝန်းပံ့ပိုး ပေးမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

    ယခု အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ဝင်များဖြစ်ကြသော အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များအစုအဖွဲ့မှ ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts