spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်လှိုင်ဂူများတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပြုလုပ်မည်

    ကျိုက်မရောမြို့နယ်လှိုင်ဂူများတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပြုလုပ်မည်

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ခရုံဂူ၊ ဖားဘောင်ဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝထုံးကျောက်လိုဏ်ဂူများ၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနပြုလုပ်ငန်းကို နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

    ၄င်းဂူများအတွင်း ရှေးဟောင်း အုတ်ခွက်၊ ရုပ်ပွားတော်၊ ဆင်းတုတော်များရှိသဖြင့် မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ် သမိုင်းဌာန၊ ပထဝီဝင်ဌာန၊ ရူပဗေဒဌာန၊ မြန်မာစာဌာနနှင့် ဘူမိဗေဒဌာနတို့မှ ဆရာ၊ ဆရာမတို့နှင့် သုတေသနပြုလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ခရုံဂူအဝင်လမ်း(Internet)
    “ကျိုက်မရောမြို့နယ်အတွင်းမှာဆိုရင် သဘာဝလိုဏ်ဂူတွေ အများကြီးရှိတယ် ဒါပေမယ့် ဘယ်သူမှ သုတေသနမလုပ်ကြဘူး၊ တန်းဖိုးလဲ မသိကြဘူး၊ အချို့နေရာတွေမှာဆိုရင် ရှေးဟောင်းဘုရားတွေ၊ ဆင်တုတော်တွေ ရှိနေတယ်၊ ဒါတွေကို သုတေသနလုပ်ပေးနိုင်ရင် တစ်ချိန်မှာ ကျိုက်မရောမြို့နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံဖို ့ကုမ္မဏီတွေ ပြောလာကြမယ် ဒါမှမဟုတ် အစိုးရအဖွဲ့က တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားနိုင်ဖို့နဲ ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဖို့အတွက် အထောက်အကူပေးနိုင်ဖို့အတွက်ပါ” ဟု ၄င်းက ပြောသည်။

    လက်ရှိအနေအထားအရ ကျိုက်မရောမြို့နယ်အတွင်းရှိ သဘာဝလိုဏ်ဂူများ၊ သဘာဝထုံးကျောက်တောင်များ၊ ရေပူစမ်းများ အစရှိသည့် စိတ်ဝင်စားစရာနေရာအတော်များများရှိနေသာ်လည်း တန်ဖိုးထား ထိန်းသိမ်းရမှန်းမသိကြသလို လေ့လာလည်ပတ်သူလည်းမရှိကြောင်း သုတေသနာပြုမှုသာပြီးသွားပါက အဆိုပါဒေသ၏ ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးပြုလာမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    သုတေသနပြုရာတွင် ရှေးဟောင်းဘုရားနှင့် ကျောက်စာများ၊ ထုံးကျောက်ဂူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အင်းများနှင့် ရေပူစမ်းများဆိုပြီး ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

    သုတေသနပြုလုပ်ငန်းကို ယခုနိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ အချိန်ကာလအားဖြင့် ၈ လကြာကာလအတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ပြီး သုတေသနပြုမှုမှ ရရှိလာမည့် အချက်အလက်များကို စာတမ်းအဖြစ် ပြုစုသွားမည်ဖြစ်အပြင် စာတမ်းဖတ်ပွဲတစ်ရပ်ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    အဆိုပါဂူများအနက်မှ ခရုံဂူတစ်ခုသာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့မှ ၁၉၇၅ ခုနှစ်မှစတင် ထိန်းသိမ်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts