spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းဆိုင်ကယ်တက္ကစီမောင်းတစ်ဦး မုတ္တမတွင် အသတ်ခံရ

    ဆိုင်ကယ်တက္ကစီမောင်းတစ်ဦး မုတ္တမတွင် အသတ်ခံရ

    -

    မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ မုတ္တမ ၊ မြင်းတပ်ရပ်ကွက်တွင် အောက်တိုဘာ (၃၀)ရက်နေ့ နံနက် (၆)နာရီခွဲခန့်က သုံးဘီးယာဉ်အသင်းအဖွဲ့ဝင်အင်္ကျီဝတ်ဆင်ထားသည့် ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

    အသတ်ခံရသူသည် မော်လမြိုင်မြို့ ၊ ဒိုက်ဝန်းကွင်းတွင်နေထိုင်သည့် သန်းဇော်မိုး (၄၃)နှစ်ဖြစ်ပြီး စက်တင်ဘာ (၂၉)ရက်နေ့ည (၈)နာရီဝန်းကျင်က နေအိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မင်းကြည်က ပြောသည်။

    အသတ်ခံရသူ ဆိုင်ကယ်တက္ကစီမောင်းသမားတစ်ဦး(MNA)

    ၄င်းက “ အသတ်ခံရသူက သုံးဘီးဆိုင်ကယ်မောင်းတဲ့သူ မဟုတ်ပါဘူး။ သူဝတ်ဆင်ထားတာ သုံးဘီးဆိုင်ကယ်မောင်းတဲ့ အင်္ကျီကိုဝတ်ထားပြီး ဆိုင်ကယ်တက္ကစီမောင်းတဲ့သူတစ်ယောက်ပါ။ အခုက သေတဲ့သူကို စုံစမ်းလို့ရသွားပြီး သတ်တဲ့တရားခံကို ဆက်လက်စုံစမ်းနေတုန်းပဲ။ မုတ္တမ မင်းတပ်ရပ်ကွက် မြသိန်းတန်ဘုရားနှင့် အောင်မင်္ဂလာကျောင်းကြားမှာရှိတဲ့ လမ်းကြားထဲမှာ အသတ်ခံရတာပါ” ဟု ဆိုသည်။

    အဆိုပါ အသတ်ခံရသူ အမျိုးသား၏ ညာဘက် ရင်အုံ ၊ ဝမ်းဗိုက် ၊ လက်ဖျံနှင့် လည်ပင်းတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ သေဆုံးသူမောင်းနှင်းလာသည့် အယ်လ်ဖာအမဲရောင်ဆိုင်ကယ်(လိုင်စင်မရှိ)ကို အခင်းဖြစ်သည့်နေရာတွင် မတွေ့ရှိရကြောင်း သိရသည်။

    “လောလောဆယ်မှာတော့ ဘယ်သူသတ်သွားလည်းဆိုတာ စုံစမ်းနေဆဲပါ။ အသတ်ခံရသူက မော်လမြိုင်ကလာတယ်ဆိုတော့ မော်လမြိုင်ကနေ မုတ္တမကိုဖြတ်တဲ့ CCTV မှတ်တမ်းတွေကို ရအောင်ယူနေတယ်။ အဲဒါကိုရရင်တော့ အတတ်နိုင်ဆုံးကြိုးစားပြီး စုံစမ်းဖော်ထုတ်သွားမယ်”ဟု စခန်းမှူးက ဆက်လက်ပြောသည်။

    လက်ရှိတွင် သေဆုံးသူ သန်းဇော်မိုးအား သတ်ဖြတ်သွားခဲ့သည့်သူကို မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    အလားတူပင် အောက်တိုဘာ (၂၇)ရက်နေ့ကလည်း မုတ္တမမြို့အနီး ၊ သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရွာတွင် တူဖြစ်သူမှ အဒေါ်ဖြစ်သူအား ဓားမဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks