spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမြေယာပြဿနာနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်း အရေးယူခံရသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈ ဦးအထိရှိလာ

    မြေယာပြဿနာနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်း အရေးယူခံရသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈ ဦးအထိရှိလာ

    -

    မွန်ပြည်နယ်အတွင်း မြေယာကိစ္စနှင့်ပတ်သက်၍ တာဝန်မှရပ်စဲအရေးယူခံနေရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၈) ဦးအထိ ရှိနေကြောင်း ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အငြင်းပွားမှုများဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ မြေယာကိစ္စဖြင့် တရားရင်ဆိုင်နေရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ကျော်သူရလှိုင်သည် ပုဒ်မ ၃၆၅/၃၄/ ၁၁၄ ဖြင့် အမှုဖွင့်အရေးခံခဲ့ရပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

    မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံး(MNA)
    မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “ အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ ရင်ဆိုင်နေပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကျော်သူရလှိုင်ကတော့ လက်ရှိမော်လမြိုင်ထောင် အကျဉ်းချုပ်ထဲမှာပါ။ ရပ်ကျေး စာရေး ကြေးမှုံကိုတော့ ရုံးတွင်းစစ်ဆေးနေပါတယ်”ဟု ပြောသည်။

    အလားတူ လက်ရှိအချိန်ထိ မြေစာရင်းဝန်ထမ်း(၃၃) ဦးကိုလည်း အရေးယူထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    ၄င်းက “စည်းကမ်းဖောက်ဖျက်သူတွေကို အဂတိလိုက်စားရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတယ်။ ဝန်ထမ်းဆိုရင် ဝန်ထမ်းဥပဒေနဲ့ အရေးယူတယ်။ ဝန်ထမ်းတွေကို အရေးယူတဲ့အခါမှာ အပြစ်ရှိရင်ရှိသလိုအရေးယူတယ်။”ဟု ပြောကြားသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်နေ့ကလည်း မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုအား မြေယာကိစ္စနှင့်ပင် တာဝန်မှ ရပ်စဲခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည်နယ်မှူး ဦးတင်ထူးက “ဝန်ထမ်းကတော့ ဝန်ထမ်းစည်းကမ်းချိုးဖောက်ရင် အရေးယူခံရမှာပဲ။ ဝန်ထမ်းဆိုတာကလည်း အခွင့်ထူးခံမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေ၊ စောင့်ထိန်းရမယ့် သိက္ခာတွေဖောက်ဖျက်ရင်တော့ အရေးယူရမှာပဲ။ အဂတိလိုက်စားရင် အဂတိလိုက်စားမှု ဥပဒေနဲ့ အရေးယူတယ်။ မီဒီယာလည်း မီဒီယာကျင့်ဝတ်ဖောက်ဖျက်ရင် အရေးယူခံရမှာပါပဲ” ဟုသည်။

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် လွှတ်တော်ဦးစီးအရာရှိက အငယ်တန်းစာရေးထံမှ ငွေကြေးတောင်းခံခဲ့သည့်အတွက် အောက်တိုဘာလ (၁၂) ရက်နေ့က ရာထူးနှိမ့်ချပြီး ကရင်ပြည်နယ်သို့ ပြောင်းရွှေ့ကာ အရေးယူခဲ့သည်ကို သတင်းများတွင် တွေ့ရှိရသည်။

    လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်နေသူများ၊ ဌာနဆိုင်ရာများ ရပ်ရပ်တန်းက ရပ်တန့်ကြရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဇွန်လပထမအပတ်က ကျင်းပခဲ့ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေး ပြောဆိုထားမှုများ ရှိခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာများတွင်လည်း အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရန်ဆိုသည့်ကိစ္စကို အများဆုံးတိုင်ကြားမှုရှိသည်ဟု လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks