Homeသတင်းဆွေးနွေးမှုမပြီးပြတ်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်

ဆွေးနွေးမှုမပြီးပြတ်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်

-

ငြိမ်းချမ်းရေးကော်မရှင် Peace Commission-PC နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ Delegation for Political Negotiation-DPN တို့ တွေ့ဆုံဆွေးနွေးရာတွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council-UNFC) မှ အဆိုပြုထားသော အချက် (၉) မပြီးပြတ် သောကြောင့် လာမည့် နိုဝင် ဘာ ၈ ရက်တွင် ပြန်လည်ဆွေးနွေးကြမည်ဟု သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့သည် အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ချမ်းချမ်းရေးဗဟိုဌာန NRPC တွင် သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ဌေး(PC) နှင့် နိုင်အောင်မငေး(DPN) တို့သတင်းစာရှင်းလင်းစဉ်(MNA)
“၈ ရက်နေ့မှာ ကျွန်တော်တို့က ဆွေးနွေးမှုအနည်းငယ်မပြတ်သေးတဲ့ အဆိုပြုချက် ၅ ရဲ့ ဆွေးနွေးမှုအခြေအ နေက မပြတ်သေးဘူး။ ဒါကိုလဲ ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးမယ်။ ကျန်တဲ့အချက်အလက်တွေကလည်း နည်းနည်းရှိ သေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ အဆိုပြုချက် ၂ ထဲမှာဆိုရင် ဒါကိုနည်းနည်း အဓိပ္ပာယ် ဖော်ပြချက်တို့လိုမျိုး နည်းနည်းရှိနေသေးတဲ့အတွက် ကျွန်တော်တို့ နိုဝင်ဘာလ ၈ ရက်မှာ ဆွေးနွေးဖို့ စဉ်းစား ထားပါတယ်” ဟု DPN အဖွဲ့ ဒုတိယခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

ဆွေးနွေးရန် ကျန်ရှိနေသော အဆိုပြုချက်အမှတ် (၅) တွင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအ ဝင် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) ၊ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးတို့ကို ကြိုတင်သ ဘော တူညီမှုရယူရန် ဆိုသည့်အချက်ပင် ဖြစ်သည်။

“ကျွန်တော်တို့ ဒီ ၈ ချက်ထဲမှတော့ တော်တော်များများ ပြီးပြတ်သွားပြီ။ မပြီးပြတ်သေးတာက ဥပမာ တစ်ပိုင်း တစ်စဖြစ်နေတာက နံပတ် ၅ ပေါ့။ အဲဒါအရေးကြီးတယ်။ အဲဒါက လုံးလုံးမပြတ်သေးတာပေါ့နော်။ ကျန်တာက တော့ ကျွန်တော်တို့ကြားထဲက အဓိပ္ပာယ်သတ်မှတ်ချက်တို့ စာလုံးဖော်ပြမှုတို့ နည်းနည်းအခက်အခဲ ဖြစ်နေ သေးတာပါ” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

ဆွေးနွေးရန် ကျန်ရှိနေခြင်းဆိုသည်မှာ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ဆွေးနွေးရန် ပါရှိ သော အကြောင်းအရာ ၁၀ ချက်ကိုလည်း နိုဝင်ဘာ ၈ ရက်တွင် ဆွေးနွေးသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဌေးက ပြောသည်။

ယခုအစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဌေး၊ DPN အဖွဲ့ ဒုတိယခေါင်း ဆောင် နိုင်အောင်မငေးတို့က သတင်းစာရှင်းလင်းခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေသေးသော ဆွေးနွေး ညှိနှိုင်းမှု အစီအစဉ်များနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းဆွေး နွေးသွားမည်ဆိုသည့်အချက်အပါအဝင် အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts