spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလာမည့်ဒီဇင်ဘာလတွင် မွန်စာပေညီလာခံ ကျင်းပမည်

    လာမည့်ဒီဇင်ဘာလတွင် မွန်စာပေညီလာခံ ကျင်းပမည်

    -

    မွန်စာပေများကို မြှင့်တင်ရေးနှင့် မွန်ကလောင်ရှင်များအသင်းဖွဲ့စည်းရန်အတွက် လာမည့်ဒီဇင်ဘာလ ပထမအပတ်အတွင်း ကမာဝက်မြို့၊ ဓာတ်တော်ကျောင်းတိုက်တွင် မွန်စာပေညီလာခံကို (၃) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မွန်ကလောင်ရှင်များအသင်း(ယာယီ)မှ သိရသည်။

    “အဓိကတော့ ကျွန်တော်တို့ မွန်ကလောင်ရှင်များအသင်းကို ဖွဲ့စည်းဖို့ပဲ ၊ အခုက ယာယီပဲ ဖွင့်ထားတယ်လေ ဒီမွန်စာပေညီလာခံ ကျင်းပတဲ့ နောက်ဆုံးနေ့မှာဆိုရင် ဖွဲ့စည်းပုံကို ဆွေးနွေးပြီးတော့ မွန်ကလောင်ရှင်များအသင်းကို ဖွဲ့စည်းမည်” ဟု မွန်ကလောင်ရှင်များအသင်း(ယာယီ) အတွင်းရေးမှူး နိုင်ဝဏ္ဏမာန်က ပြောသည်။

    မွန်ကလောင်ရှင်များအသင်း (ယာယီ) အစည်းအဝေး (MNA)
    အဆိုပါညီလာခံတွင် ပိဋကတ်သုံးပုံနှင့် မွန်ဘာသာစာပေများ၊ မွန်သမိုင်းသုတေသနနှင့် မွန်စာပေသုတေသန စာတမ်းများ၊ သုတ၊ ရသစာပေများနှင့် မွန်မီဒီယာအရေး စသည့် ခေါင်းစဉ်များဖြင့် ပထမနေ့နှင့် ဒုတိယနေ့တွင် သက်ဆိုင်ရာပညာရှင်များမှ တင်ပြဆွေးနွေးသွားမည်ဖြစ်ကာ နောက်ဆုံးနေ့တွင် မွန်ကလောင်ရှင်များ အသင်းကို အတည်ပြုဖွဲ့စည်းသွားမည်ဟု မွန်ကလောင်ရှင်များအသင်း (ယာယီ)ထံမှ သိရသည်။

    “ဦးဆောင်ဆွေးနွေးသူတွေကတော့ ကျွန်တော်တို့ ရည်ရွယ်ထားတာပဲ ရှိသေးတယ် သူတို့လက်ခံလားမခံလားတော့ မသိဘူး၊ နိုဝင်ဘာ ၇/၈ လောက်ဆိုရင် ကမာဝက်၊ ဓာတ်တော်ကျောင်းမှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ဖို့ ရှိတယ်၊ အဲအချိန်ကျမှ သေချာမယ်” ဟု မွန်ကလောင်ရှင်များအသင်း(ယာယီ) ဥက္ကဋ္ဌ နိုင်အောင်ဂျနဲ့က ဆိုသည်။

    မွန်ကလောင်ရှင်များအသင်း(ယာယီ)ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့က ကမာဝက်မြို့ ဓါတ်တော်ကျောင်းတိုက်၌ ပြုလုပ်သည့် အစည်းအဝေးတွင် မွန်စာပေညီလာခံတရပ်ကျင်းပရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks