spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ဖွဲ့စည်း

    ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ဖွဲ့စည်း

    -

    ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးအပ်ရန်အတွက်ရည်ရွယ်၍ ပြီးခဲ့သည့် အငြိမ်းစား တရားသူကြီးများနှင့် ဥပဒေဘွဲ့ရ လူငယ်ရှေ့နေများပူးပေါင်းပြီး ရန်ကုန်မြို့ရှိ မွန်ဓမ္မာရုံတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    မွန်တိုင်းရင်းသားအများစုတွင် ဥပဒေနားမလည်ခြင်း၊ အမှုရင်ဆိုင်ကြရာတွင် ငွေကြေးအကုန်အကျများခြင်း၊ နစ်နာမှုများစွာကြုံတွေ့နေရသည့်အတွက် ရာမညမွန်ရှေ့နေများကွန်ယက်အနေဖြင့် တတ်နိုင်သလောက်ကူညီသွားမည်ဖြစ်ကြောင်း ကွန်ယက် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး မိမြင့်မြင့်ဝေက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) အစည်းအဝေး(Facebook)
    “ဥပဒေနဲ့ပတ်သက်ပြီး ကျွန်မတို့မွန်လူမျိုးတွေက ဂဃနဏ သိထားတာမရှိဘူး တကယ်လို့အမှုတစ်ခုခုဖြစ်လာ ပြီဆိုရင် ကျွန်မတို့အနေနဲ့ဘယ်လိုမျိုးကူညီနိုင်မလဲပေါ့နော်၊ အဓိကတော့ အမှုတစ်ခုခုနဲ့ ပတ်သက်ပြီး သူတို့ အကူအညီတောင်းလာမယ်ဆို ကူညီပေးနိုင်ဖို့အတွက် စီစဉ်ထားတာမျိုးပေါ့” ဟု မိမြင့်မြင့်ဝေက ဆိုသည်။

    ဥပဒေနှင်ပတ်သက်ပြီး ရှေ့နေဘွဲ့ရမွန်လူငယ်များ မည်မျှစိတ်ဝင်စားနေသည်ကို အရင်ဆုံးလေ့လာပြီးမှ ကွန်ယက် ဖွဲ့စည်းသင့်သည်ဟု သူမက ဆက်ပြောသည်။

    ယာယီကွန်ယက်မှ ခိုင်မာသည့် ကွန်ယက်တစ်ခုဖွဲ့စည်းနိုင်ရန်အတွက် တစ်လတစ်ကြိမ် အစည်းအဝေးခေါ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး မင်းခိုင်လင်းထွန်းက ပြောသည်။

    မင်းခိုင်လင်းထွန်းက “ ဒီကွန်ယက်ဖြစ်မြောက်ရေးကနေ ခိုင်မာတဲ့ကွန်ယက်တစ်ခုဖြစ်လာဖို့၊ ကွန်ယက်တစ်ခုဖြစ်ဖို့အတွက် စည်းမျဉ်းတွေလည်းရေးဆွဲဖို့ကျန်ရှိနေသေးတယ်”ဟု ဆိုသည်။

    အဆိုပါ ရာမညမွန်ရှေ့နေများကွန်ယက်(ယာယီ) ဖွဲ့စည်းခဲ့ရာတွင် မော်လမြိုင်၊ ကျိုက်မရော၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှလူငယ်များ၊ ဥပဒေပညာရှင်များနှင့် အငြိမ်းစားတရားသူကြီးများ စုစုပေါင်း ၃၀ ဦးကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks