Homeသတင်းရေးမြို့ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပစ္စတို(၂)လက်နှင့်ကျည်ဆံများသိမ်းဆည်းရမိ

ရေးမြို့ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပစ္စတို(၂)လက်နှင့်ကျည်ဆံများသိမ်းဆည်းရမိ

-

ရေးမြို့အဝင် တံတားကြီးပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စက်တင်ဘာလ ၂၂ ရက်နေ့ညပိုင်းက ထားဝယ်မှ ရေးဘက်သို့မောင်းနှင်လာသောဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးစဉ် ပစ္စတို(၁)လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

အဆောင်း မောင်းနှင်လာခဲ့သော ဆိုင်ကယ်တူးဘောက်(စ်)အတွင်းမှ ပစ္စတိုအမဲရောင်သေနတ်(၁)လက်၊ ၄င်းကျည်အိမ်(၁)ခု၊ ကျည်အိမ်အတွင်း ၉ မမ ပစ္စတိုကျည်(၈)တောင့်နှင့် ဗညားဋ္ဌေးမှ SMIT & WESSON အမျိုးအစား စတီးလ်ရောင်ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၇)တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

လက်နက်ဖြင့်ဖမ်းခံရသူများ(MNA)
”မွန်ပြည်သစ်ပါတီကလို့သိရတယ်၊ ထားဝယ်ဘက်မှ ဝယ်ဇင်ကျေးရွာ မွန်ပြည်သစ်ပါတီဌာနချုပ်အပြန်မှာ ဖမ်းဆီးရမိခဲ့တာပါ ” ဟု ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်များတရားမဝင်လက်ဝယ်ထားရှိသူ အဆောင်း၊ ဗညားဋ္ဌေး၊ အာနိုးတို့အား ရေးမြို့နယ်အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်ဆံများအား စကခ(၁၉)တွင် သိမ်းဆည်းထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံဖြေကြားမည့်သူမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် မွန်ပြည်သစ်ပါတီပါတီနှင့်နီးစပ်သူတစ်ဦးမှလည်း ၄င်းတို့(၃)ဦးမှာ မွန်ပြည်သစ်ပါတီ၊ ဝယ်ဇင်စခန်းမှဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

စစ်ဆေးချက်အရ မွန်ပြည်သစ်ပါတီမှဟုသိရပြီး အဆောင်းမှာ အရာခံဗိုလ်အဆင့်၊ အာနိုးမှာ တပ်သားအဆင့်နှင့် ဗညားဋ္ဌေး(ခ)သောင်းဋ္ဌေးမှာ ရေး(တောင်ပိုင်း)တာဝန်ခံတို့ဖြစ်ကြောင်းနှင့် ၄င်းတို့ (၃)ဦးအား ရေးမြို့မရဲစခန်းမှ မမစ(ရေး) (ပ) ၂၃၈/၂၀၁၇၊ ၁၈၇၈ ခုနှစ်၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ)အရ အမှုဖွင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရေးမြို့မရဲစခန်းက သိရသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲမှုလက်မှတ်ရေးထိုးပြီးသော်လည်း တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts