spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

    ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

    -

    မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

    ချောင်းဆုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက “ဒီလမ်းက ကတ္တရာလမ်းခင်းလို့ရပြီ။ ကျောက်ရောမြေ၊ ကျောက်ကြမ်းလည်း ခင်းပြီးသွားပြီဆိုတော့ ကတ္တရာလမ်းခင်းဖို့အတွက် အရင်ကတည်းက စီစဉ်နေတာပါ။ ကျေးလက်ဖွံ့ဖြိုးရေးအတွက် မြို့နယ်တွေကို ချပေးတဲ့ဘတ်ဂျက်က တစ်ရွာတည်းကို သုံးလို့အဆင်မပြေဘူး။ တခြားရွာတွေကိုလည်း ခွဲသုံးပေးရတဲ့အတွက် သိန်း(၁၅၀ဝ) ဘတ်ဂျက်တုန်းက မထည့်သွင်းပေးလိုက်တာပါ။ ဖြည့်စွက်မှာတော့ ထည့်ထားပေးပါတယ်။” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ကမာကေး-တော်ပကောက်လမ်း(MNA)
    အဆိုပါလမ်းပိုင်းပြုပြင်ရန် လာမည့်ဖြည့်စွက်ဘတ်ဂျက်အတွက် ထပ်မံထည့်သွင်းတောင်းခံထားကြောင်း ၄င်းက ပြောသည်။

    ယင်းလမ်းအပိုင်းတလျှောက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပါက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် နှင့် ရင်းနှီးမြှုပ်နှံရန်အတွက် ကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

    ၄င်းက “အဲ့ဒီနားမှာလည်း ကုမ္ပဏီတွေတော်တော်များများက စိတ်ဝင်စားနေတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေများလာနိုင်တယ်။ လယ်ဧက တွေလည်း အများကြီးရှိတဲ့အတွက် မွေးမြူရေးကန်တွေလုပ်မယ်ဆိုရင် ကျွန်တော်တို့ဘီလူးကျွန်းအတွက် ထုတ်ကုန်တွေများလာမယ်။ အလုပ်အကိုင်တွေလည်း များလာမှာပါ”ဟု ဆိုသည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်၌ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်တွင် ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် တစ်မြို့နယ်ကို ဘတ်ဂျက် သိန်း(၃၀ဝ၀) ရရှိခဲ့ပြီး ချောင်းဆုံမဲဆန္ဒနယ် အမှတ်(၁) နှင့် (၂) မှ ၁၅၀ဝ စီခွဲဝေယူရခြင်း ဖြစ်သည်။တစ်မိုင်ခန့်ရှည်လျားသည့် အဆိုပါ ကမာကေး-တော်ပကောက်လမ်းကို ကတ္တရာလမ်းခင်းမည်ဆိုပါက ငွေကျပ်သိန်းပေါင်း(၁၂၅၀) ခန့် ထပ်မံကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks