spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကဗျာဝကမ်းခြေသန့်ရှင်းသာယာလှပရေး ပြည်နယ်အစိုးရ အလေးထားဆောင်ရွက်သင့်ဟုတိုက်တွန်း

    ကဗျာဝကမ်းခြေသန့်ရှင်းသာယာလှပရေး ပြည်နယ်အစိုးရ အလေးထားဆောင်ရွက်သင့်ဟုတိုက်တွန်း

    -

    ဧည့်သည်အများအပြားလာရောက်အပမ်းဖြေလည်ပတ်လျက်ရှိသည့် ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကမ်းခြေအား လာမည့်ပွင့်လင်းရာသီအတွင်း သန့်ရှင်းသာယာရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလိုက်သည်။

    ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ” လည်ပတ်သူအတော်များလာတယ်၊ အဲ့လိုဖွံ့ဖြိုးလာပေမယ့် စနစ်တကျမရှိသေးဘူး၊ ဒေသခံတွေရဲ့ မိရိုးဖလာပုံစံနဲ့ပဲ ပရမ်းပတာပုံစံမျိုးဖြစ်နေတယ်၊ ဆိုင်ခန်းနေရာချထားမှုစတဲ့အဆင်မပြေမှုတွေများခဲ့တယ်၊ ဒီနှစ်ပွင့်လင်းရာသီမှာ ယခင်နှစ်တွေကထက် လည်ပတ်သူများလာမယ်လို့မြင်တယ်၊ ပြည်နယ်အစိုးရအနေနဲ့ ကမ်းခြေသာယာလှပရေးစနစ်တကျ စီမံခန့်ခွဲမှုတွေ ပွင့်လင်းရာသီအမှီလုပ်သင့်တယ်လို့မြင်တယ် ” ဟု ပြောသည်။

    ကဗျာဝအပမ်းဖြေကမ်းခြေ(MNA)
    ကဗျာဝကမ်းခြေတွင် ယမန်နှစ်ထက်စားသောက်ဆိုင် ပိုမိုများပြားလာကြောင်း ကမ်းခြေတစ်လျှောက် ကျပ်ငွေနှစ်သောင်းလောက်ခန့်ဖြင့် လှိုင်းစီးဘောလုံးဂွင်းများ၊ လှေငယ်များ၊ ဆိုင်ကယ်များ လည်ပတ်စီးနင်းနိုင်ကြောင်းသိရသည်။

    ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ” ကဗျာဝကမ်းခြေသန့်ရှင်းသာယာလှပရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီးဖွဲ့ထားတယ်၊ အဲဒီအဖွဲ့ကို ခရိုင်ကနေပြီးတော့ အစိုးရအဖွဲ့ကိုဆက်တင်ထားတယ်၊ ခွင့်ပြုလိုက်မယ်ဆိုရင် ကမ်းခြေမှာရှိတဲ့သဘာဝ အရင်းအမြစ်တွေ မပျက်စီးဆောင်ထိန်းသိမ်းဖို့လုပ်မယ်၊ အပန်းဖြေလာကြတဲ့သူတွေကို သူတို့ရဲ့စွန့်ပစ်တဲ့အစားအသောက်တွေ၊ အမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်စေဖို့လုပ်မယ်၊ လာပြီးအပန်းဖြေတဲ့သူတွေကိုလည်း အန္တရာယ်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်သွားမယ်၊ ဆိုင်တွေကိုလည်း စနစ်တကျထားပြီးတော့ ပြည်သူတွေကို အေးအေးဆေးဆေးအပန်းဖြေစေဖို့ လုပ်သွားမယ်” ဟု ပြောသည်။

    ကဗျာဝကမ်းခြေသည် ရေးမြို့မှ အနောက်တောင်ဘက် ၁၈ မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး ကတ္တရာလမ်းအတိုင်း မော်တော်ကားဖြင့် ၄၅ မိနစ်ခန့်အချိန်အတွင်း သွားရောက်လည်ပတ်နိုင်မည့် ပင်လယ်ကမ်းခြေအပမ်းဖြေစခန်း ဖြစ်ပြီး အလားတူမြို့နယ်အတွင်းရှိ ဓမင်းဆိပ်နှင့် ကော့ဒွတ်ကျိုက်မင်းဝဲ့ ပင်လယ်ကမ်းခြေသို့လည်း သွားရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

    Flower Land Travels & Tour မှ Operation Manager ကိုထွန်းလင်းအောင်က “အွန်လိုင်းပေါ်မှာစတွင် ကျယ်လာတယ်၊ ကိုယ်တိုင်ဆာဗေးသွားကြည့်တယ်၊ သွားလို့အဆင်ပြေမပြေပေါ့၊ နောက် ဧည့်သည်တွေကလည်း တောင်းဆိုတာလည်းပါတယ်၊ ဒါကြောင့် ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာ၊ စီစဉ်နေတဲ့ ခရီးစဉ်တွေထဲမှာ လတ်တလောဧည့်သည်တွေစိတ်ဝင်စားဆုံးကမ်းခြေတစ်ခုပါ၊ တင်လိုက်ပြီဆိုရင်လဲကွန်းမန့်နဲ့ like တွေ ရှယ်တာတွေလဲ အရမ်းများပါတယ်။ နောက်ပိုင်းဒီထက်များလာလိမ့်မယ်လို့
    သုံးသပ်ပါတယ်၊ ရှေ့အလားအလာရမ်းကောင်းပါတယ် ” ဟု ပြောသည်။

    သို့ရာတွင် ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတစ်ခုအဖြစ် အဆိုပါကျေးရွာအနီး ပင်လယ်ကမ်းခြေတလျှောက်နှင့် တောင်ဘက်မကျီးချောင်းဝအထိ ၈ မိုင်ခန့်ရှိကာ အဆင်မြင့်နားနေခန်းများ၊ ဘန်ဂလိုများ၊ ရုံးခန်းများ၊ ကားရပ်နားရန်နေရာများ၊ ရေကူးခန်းများ၊ စားသောက်ခန်းများအတွက် ရန်ကုန်မြို့အခြေစိုက် Aurum Company Limited က ဒေါ်လာ ၁၂ သန်း ကနဦးရင်းနှီးမြှုပ်ရန် ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးထားသော်လည်း မြေယာပိုင်ဆိုင်မှုအခက်အခဲများကြောင့် ယနေ့တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks