Homeသတင်းစက်တင်ဘာလအတွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံရန် မဖြစ်နိုင်ဟု UNFC ဆို

စက်တင်ဘာလအတွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံရန် မဖြစ်နိုင်ဟု UNFC ဆို

-

ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေးဘဲ ကြိုတင်ညှိနှိုင်းခဲ့သည့်အတိုင်း စက်တင်ဘာအတွင်း တွေ့ဆုံမှုမဖြစ်နိုင်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြန်ကြားရေးတာဝန်ခံ နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ ယနေ့(စက်တင်ဘာ ၁၃ ရက်) တွင် ပြောကြားသည်။

“ငြိမ်းချမ်းရေးကော်မရှင်တွေရော ကျနော်တို့ဘက်ကပါ ဒီလအတွင်းတွေ့ဆုံဆွေးနွေးဖို့ သူမအား ကိုယ်မအား ဖြစ်နေပြီး ဒီလတွေ့ဆုံဖို့ ရက်ချိန်းညှိမရဘူး၊ သူ့ခရီးစဉ်နဲ့ သူ၊ အစည်းအဝေးတွေနဲ့ ပြည့်နေတယ်“ ဟု နိုင်အောင်မငေးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN ဆဌမအကြိမ်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းစဉ် (MNA)
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းမှာလည်း ကျန်းမာရေးအရ ယခုလအတွင်း အစည်းဝေး ထိုင်နိုင်မည့် အခြေအနေမရှိသေးကြောင်း ၄င်းကဆိုသည်။

သို့ရာတွင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) မှ တာဝန်ရှိသူ တစ်ဦးက ”မဟုတ်ပါဘူး။ ဒီလထဲတွေ့နိုင်မယ့်ရက်ကို ညှိနှိုင်းနေကြပါတယ်။ မနေ့ကအထိ ညှိနှိုင်းနေကြတုန်းပါ။ တွေ့နိုင်မယ့်နေ့ကို နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေကြတုန်းပါ”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ပြီးခဲ့သည့်ဩဂုတ်လတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ဆဌမအကြိမ်အစည်းအဝေးကျင်းပခဲ့ရာ UNFC ၏အဆိုပြုချက် ၉ ချက်အနက် အချက် ၄ ချက်သဘောတူညီထားသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ကျန်ရှိနေသော အချက်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလအတွင်း ပြန်လည်တွေ့ဆုံမည်ဟု သဘောတူထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts