spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူခဲ့

    မွန်ပြည်နယ်တွင် စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူခဲ့

    -

    မွန်ပြည်နယ်တွင် NLD အစိုးရသက်တမ်းကာလတလျှောက် စည်းကမ်းဖောက်ဖျက်သည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူမှုပြုလုပ်ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထန်ထမ်းအချို့တို့မှ လယ်ယာမြေများကို အကွက်ရိုက်၍ ရောင်းချခြင်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အရေးယူမှု မည်သို့ ဆောင်ရွက်ထားကြောင်းကို ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ဦးထွန်းမင်းအောင်က စက်တင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် လွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာတွင် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး(Facebook)
    ၄င်းက “တချို့ကလည်း ငွေကြေးပိုင်းဆိုင်ရာမှာ တကယ်ပဲ ပါဝင်ပတ်သက်နေတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလိုက်တယ်၊ တခြားပြစ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်တယ်ဆိုရင်လည်း ပြစ်မှုပိုင်းဆိုင် ပုဒ်မတွေနဲ့ အရေးယူတယ် ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ နိုင်ငံဝန်ထမ်းဥပဒေနဲ့ အရေးယူတယ်၊ နောက် အကွက်ရိုက်လိုက်ပြီး ဒါ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ လယ်ယာမြေဥပဒေအရ မူလယ်ယာမြေအတိုင်း ပြန်လုပ်ပါဆိုပြီး ကျနော်တို့ အမိန့်ချလိုက်တာလဲရှိတယ် စိစစ်ပေါ်ပေါက်ချက်အရပေါ့” ဟု ပြောသည်။

    အရေးယူခံရသည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးတွင် အမြင့်ဆုံး ဒုမြို့နယ်ဦးစီးမှူးရာထူးအဆင့်ထိပါဝင်ကြောင်း၊ နောက်နောင်တွင်လည်း စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိသည့် ဝန်ထမ်းများအား အရေးယူရန် ငဲ့ညှာသွားမည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ မြေစာရင်းဝန်ထမ်း ၃၃ ဦးအရေးယူခံရသည့်ကိစ္စသည် ယခင်းအစိုးရလက်ထက်က ကျူးလွန်ထားခဲ့သည့်ကိစ္စများဖြစ်ပြီး ယခုအစိုးလက်ထက်တွင် ပြန်လည်ဖော်ထုတ် အရေးယူလိုက်ခြင်း ဖြစ်သည်။

    အရေးယူခံရသူများသည် ၄င်းတို့ ကျူးလွန်ဖောက်ဖျက်ထားသည့် ပြစ်ချက်အပေါ်မူတည်ပြီး တချို့ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း၊ တချို့ကို အဂတိလိုက်စားမှုဥပဒေဖြင့် အရေးယူထားခြင်း၊ တချို့ကို ရာထူးတိုးဆိုင်းငံ့ခြင်း၊ ရာထူးလျှော့ချခြင်း၊ သတိပေးခြင်း၊ စာဖြင့် သတိပေးတားမြစ်ခြင်းတို့ဖြင့် အရေးယူမှု ပြုလုပ်ထားခဲ့ကြောင်း ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

    ထိုအတူ NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွင်း၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇ ဦးကို တာဝန်မှ ရပ်စဲခဲ့ခြင်းဖြင့် အရေးယူမှုပြုလုပ်ထားပြီး ၂ ဦးကိုလည်း တာဝန်မှ ရပ်စဲရန် ဆောင်ရွက်လျက်ရှိသည်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်နေသူများ ဌာနဆိုင်ရာများ ရပ်တန့်ကြရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဇွန်လပထမအပတ်က မော်လမြိုင်တွင် ကျင်းပခဲ့ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံတွင် သတိပေး ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts