spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ရေးရာဝန်ကြီးတစ်ဦးခန့်အပ်ရန် မလိုဟု ဝန်ကြီးချုပ်ပြော

    မွန်ရေးရာဝန်ကြီးတစ်ဦးခန့်အပ်ရန် မလိုဟု ဝန်ကြီးချုပ်ပြော

    -

    မွန်စာပေ ယဉ်ကျေးမှုအပါအဝင် ပြည်နယ်အတွင်းရှိကိစ္စရပ်များအကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် ဆောင်ရွက်နေသည့်အတွက်ကြောင့် မွန်ရေးရာဝန်ကြီးတစ်ဦး ပူးတွဲထားရှိရန်မလိုကြောင်း စက်တင်ဘာလ ၆ ရက်နေ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်သည်။

    မွန်တိုင်းရင်းသားရေးရာ စီမံဆောင်ရွက်မည့် ဝန်ကြီးတစ်ဦးဦးအား သီးခြားတာဝန်ပေးရန် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းထားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက သိလို၍မေးမြန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(MNA)
    ဝန်ကြီးချုပ်က “ ဥပဒေအရ မွန်တိုင်းရင်းသားရေးရာ ပူးတွဲဝန်ကြီးတစ်ဦး ထားရှိရန် မလိုအပ်ကြောင်း၊ မွန်ပြည်နယ်အရေးနှင့် မွန်စာပေ ယဉ်ကျေးမှုကိစ္စရပ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ကသာ ဆောင်ရွက်သွားမည်” ဟု ဖြေကြားခဲ့သည်။

    ဒေသဖွံဖြိုးရေးလုပ်ငန်း၊ မွန်အမျိုးသားနေ့အခမ်းအနားနှင့် မွန်စာပေ ယဉ်ကျေးမူကိစ္စရပ်များကို ပြည်နယ်အစိုးရမှ ဝိုင်းဝန်းဆောင်ရွက် ကူညီထောက်ပံ့မှုရှိခဲ့ပြီး မွန်ဒေသခံများမှတင်ပြ တောင်းဆိုမှုများကိုလည်း ဖြေရှင်းပေးနေသည့်အတွက်ကြောင့် မွန်ရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ရန်မလိုဟု ဆိုသည်။

    သို့ရာတွင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရေးဥပဒေတွင်ပါရှိသော ပုဒ်မ ၂၊အပိုဒ် (င) အရ မွန်ရေးရာဝန်ကြီး ခန့်အပ်ပိုင်ခွင့်မရှိသော်လည်း မွန်ရေးရာဆောင်ရွက်ရန်အတွက် ကိုယ်စားပြုဝန်ကြီးမရှိပါက ပုဒ်မ ၁၅ (က) (ခ) နှင့် ပုဒ်မ ၃၂ တို့အရ ပြည်နယ်ဝန်ကြီးချုပ်က သင့်တော်သော ဝန်ကြီးတစ်ဦးဦးအား တာဝန်ပေးအပ်ရမည်ဟု ဖေါ်ပြထားသည်။

    ဒေါက်တာအောင်နိုင်ဦးက “မွန်လူမျိုးတို့အနေနဲ့ မွန်လူမျိုးအရေးနှင့်ပက်သက်ပြီးတော့ လုပ်စရာတွေ အများကြီးရှိတယ်၊ စာပေ ယဉ်ကျေးမှုကိစ္စ၊ မွန်အမျိုးသားနေ့ကိစ္စတွေက အမြဲလုပ်ဆောင်နေကြကိစ္စတွေဖြစ်တယ်၊ ၎င်းကိစ္စတွေအတွက် ပြည်နယ်အစိုးရအဖွဲ့ကိုဘဲ အကြံဉာဏ် အကူညီတောင်းရမယ်ဆိုတာထက် ဒီကိစ္စကို ဘယ်သူက တာဝန်ယူမယ်ဆိုတာက ပိုပြီးအရေးကြီးတယ်” ဟု ဆိုသည်။

    ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ ဗမာတိုင်းရင်းသားရေးရာအတွက် ငွေကျပ်သိန်း ၁၅၀ဝ ကျပ်၊ ကရင်တိုင်းရင်းသားရေးရာအတွက် ကျပ်သိန်း ၂၀ဝ၀၊ ပအိုဝ်းတိုင်းရင်းသားရေးရာအတွက် ကျပ်သိန်း ၁၅၀ဝ အသီးသီး ဘဏ္ဍာငွေကြေးလျာထားမှုရှိသော်လည်း မွန်တိုင်းရင်းသားရေးရာအတွက် ဘဏ္ဍာငွေသီးခြားလျာထားခြင်းမရှိကြောင်း၊ ပြည်နယ်အတွင်းအခြားတိုင်းရင်းသားလူမျိုးများနည်းတူ မွန်တိုင်းရင်းသားရေးရာအတွက် ဘဏ္ဍာရေးကို ရေးဆွဲသတ်မှတ်ပေးရန် တိုင်းရင်းသားအရေးရာဆိုင်ရာ ကော်မတီမှ လွှတ်တော်တွင် တင်ပြထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဝန်ကြီးချုပ် ဦးအုန်းမြင့် အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွက် မွန်တိုင်းရင်းသား ရေးရာဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဆောင်ရွက်မည့်ဝန်ကြီး သီးသန့်မရှိခဲ့သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးအား ဝန်ကြီးချုပ်ကိုယ်စားဆောင်ရွက်ခွင့် ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks