spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA ထိုးပြီး ၂ နှစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ပိုမိုရှုပ်ထွေးလာသည်ဟု စိုင်းကျော်ညွှန့်ပြော

    NCA ထိုးပြီး ၂ နှစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ပိုမိုရှုပ်ထွေးလာသည်ဟု စိုင်းကျော်ညွှန့်ပြော

    -

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ရေးထိုးပြီး နှစ်နှစ်တာ ကာလအ တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုရှုပ်ထွေးလာသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်က ပြောသည်။

    “NCA ထိုးပြီးတော့ ၂ နှစ်ပေါ့လေ။ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုမိုရှုပ်ထွေးလာတဲ့သဘောကို မြင်ရတယ်”ဟု စိုင်းကျော်ညွှန့်က ပြောသည်။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်(Mizzima)
    သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့ချက်ထရီယံ ဟိုတယ်၌ ကျင်းပသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မီဒီယာ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စိုင်းကျော်ညွှန့်အား NCA အပေါ်သဘောထားကို သတင်းထောက်များက မေးမြန်းရာတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော KNU , DKBA , KNU/KNLA/PC , CNF , PNLO , ABSDF , ALP , RCSS အဖွဲ့တို့ သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရနှင့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လာမည့်အောက်တိုဘာ ၁၅ ရက်တွင် ၂ နှစ်ပြည့်မြောက်မည် ဖြစ်သည်။

    “၂ နှစ်ရောက်လာတဲ့အချိန်မှာ နဂိုက NCA ထိုးထားတဲ့ အရေအတွက် ရှစ်ဖွဲ့ကနေလွဲပြီးတော့ ထပ်တိုးလာတာ လည်း မရှိဘူး။ ဖြစ်ပေါ်တိုးတက်မှုတွေကလည်း UNFC နဲ့ ဆွေးနွေးတဲ့အချိန်တွေမှာ ရှိသယောင်ယောင်နဲ့ ဖြစ်ပေါ်တိုးတက်မှုက အစစ်အမှန် ဖြစ်မလာဘူးပေါ့လေ။ အဲဒါတွေ မြင်နေရတယ်ဆိုတော့ ပြောရရင်တော့ ဒီ ၂ နှစ် ပြည့်ပြီးတဲ့အချိန်ကနေ ရှေ့လျှောက် တောက်လျှောက်ပေါ့လေ ကျွန်တော်တို့ တိုင်းရင်း သားလက်နက် ကိုင်တွေအပေါ်မှာ စဉ်းစားတဲ့ စဉ်းစားချက်တွေ၊ ကိုင်တွယ်တဲ့ ပုံစံတွေက တစ်နည်းတစ်ဖုံမဟုတ်ဘဲနဲ့ ဒီပြဿ နာတွေ အားလုံးကိုဖြေရှင်းနိုင်မယ့် ပုံစံမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးက မလွယ်ဘူးပေါ့ ဗျာ” ဟု စိုင်းကျော်ညွှန့်က ပြောသည်။

    လက်ရှိတွင် အစိုးရအနေဖြင့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေးအတွက် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ညှိနှိုင်းနေဆဲဖြစ်သော်လည်း NCA လမ်းကြောင်းမသွားလိုသည့် မြောက်ပိုင်းအဖွဲ့များနှင့်လည်း ဆွေးနွေးရန်တစ်ဆို့နေသည့်အနေအထား ဖြစ်သည်။

    မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အထွေထွေအတွင်းရေးမှူး ဦးကျောက်ကော်အန်းက NCA ၏ “နိုင်ငံရေးဆွေးနွေးမှု မူဘောင်” ပါ မဲပေးဆုံးဖြတ်မှုစနစ်မှာ တိုင်းရင်းသားများအတွက် ထောင်ချောက်ဖြစ်သည်ဟု UNFC ကို ပူးပေါင်းရန် FPNCC ဖိတ်ခေါ်ခေါင်းစဉ်ဖြင့် သြဂုတ်လ ၂၉ ရက်နေ့ ဧရာဝတီသတင်းဖော်ပြချက်တွင် ပါရှိသည်။
    UNFC အနေဖြင့် အစိုးရဆောင်ရွက်သည့် NCA လမ်းကြောင်း၏ အားနည်းချက်ကို မြင်ပြီး NCA က မိမိတို့ တိုင်းရင်းသားများအတွက် စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည့် လမ်းစဉ်မဟုတ်ကြောင်း နားလည် သဘောပေါက်ရန် လိုအပ်ပြီး NCA မှ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် မျှော်လင့်ချက် မထားသင့်ဟုလည်း ဦးကျောက်ကော်အန်းက ပြောသည်။

    လက်ရှိ အချိန်တွင် အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ သြဂုတ် ၂၈ မှ သြဂုတ် ၃၀ အထိ သုံးရက်တာ ကျင်းပနေသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts