spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘီးလင်းသကြားစက်ရုံ ငှားရမ်းမှုပွင့်လင်းစွာချပြရန် လွှတ်တော်တွင်မေးမြန်း

    ဘီးလင်းသကြားစက်ရုံ ငှားရမ်းမှုပွင့်လင်းစွာချပြရန် လွှတ်တော်တွင်မေးမြန်း

    -

    မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တည်ရှိသည့် သကြားစက်ရုံအား ကုမ္ပဏီများကို ငှားရမ်းရာတွင် ပွင့်လင်းမြင်သာစွာ ချပြရန် ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက သြဂုတ် ၂၈ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းလိုက်သည်။

    “ဝန်ကြီးဌာနအနေနဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ချုပ်ထားတယ်ဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်။ ဒါဟာ အောင်မြင်မယ်ဆိုရင် ကျွန်တော်တို့ ဒေသခံတွေအတွက် ကောင်းပါတယ်။ မအောင်မြင်ရင် ထပ်ပြီး နစ်နာမှုတွေ ဖြစ်ဦးမှာပါ။ အဲဒီတော့ ကျွန်တော်တို့ကိုယ်တိုင် က အောင်မြင်အောင် လုပ်ရမလား။ ကန့်ကွက်ရမလားဆိုတာ စာချုပ်မသိတော့ ကျွန်တော်တို့ ကိုယ် တိုင် ဘာမှမသိဘူး ဖြစ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာ ချပြဖို့အတွက် ဝန်ကြီးဌာနကို မေးမြန်းရခြင်း ဖြစ်ပါတယ်” ဟု ဦးတင်ကိုကိုဦးက ပြောသည်။

    ဘီးလင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ညာ) နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဘယ်)-(ပြည်သူ့လွှတ်တော်)
    အဆိုပါ ဘီးလင်း သကြားစက်သည် စက်မှုဝန်ကြီးဌာနပိုင်ဖြစ်ပြီး စက်ရုံမြေဧက ၁၀၅ ဧကကျော်ရှိ၍ ကြံစိုက်ဧကမှာ ၁၃၂၅ ဧကကျော်ရှိသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် အဆိုပါဘီလင်း သံကြားစက်ကို ရွှေသံလွင် ဟိုက်ဝေးကုမ္ပဏီကို ၁၀ နှစ်ငှားရမ်းခဲ့ပြီး ကုမ္ပဏီက တစ်နှစ်သာလည်ပတ်၍ နှစ်နှစ်ကို အကြီးစားပြင်ဆင်ရန်ပြောဆိုပြီး မပြင်ဆင်ဘဲ ပြန်အပ်ခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် ကုမ္ပဏီတစ်ခုမှ တစ်နှစ်လျှင် ငှားရမ်းခ ကျပ်သန်း ၅၀ ဖြင့် ဆက်လက်ငှားရမ်းလုပ်ကိုင်ခဲ့ရာတွင် ဝန်ထမ်းများကို လစာမပေးနိုင်ခြင်း၊ ဒေသခံတောင်သူများ၏ ကြံများကို မဝယ်ယူနိုင်ခြင်း၊ နိုင်ငံတော်အား လျှပ်စစ်အခပင် ပေးဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။

    ရွှေသံလွင်ဟိုက်ဝေးကုမ္ပဏီကို ၁၀ နှစ်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းခနှုန်း မသိခဲ့ရသော်လည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် လက်ရှိငှားရမ်းထားသည့် စူပါဝမ်းဒရက်ဂွန်ကုမ္ပဏီကို တစ်နှစ်ငှားရန်းခ ကျပ်သန်း ပေါင်း ၂၅ သန်းဖြင့် ငှားရမ်းသည်ကိုသာ သိရှိရပြီး ဒေသခံများအနေဖြင့် သကြားစက်ရုံအတွင်း ရေသန့်စက် တည်ထောင်ခြင်း၊ ဝန်ထမ်းအိမ်ယာတန်းလျားတွင် မိနီမားကတ်တစ်ခု ဖွင့်လှစ်သည်ကို တွေ့ရှိရသည့်အတွက် မည်ကဲ့သို့ စာချုပ်ချုပ်ဆိုထားကို သိရှိလိုသောကြောင့် ကုမ္ပဏီတာဝန်ရှိသူများ နှင့် တွေ့ဆုံမေးမြန်းခဲ့သော်လည်း စာချုပ်ပါအကြောင်းအရာများအား ပြန်လည်ဖြေကြားခြင်းမရှိသည့် အတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း ဖြစ်သည်ဟု ဦးတင်ကိုကိုဦးက ပြောသည်။

    အဆိုပါမေးခွန်းနှင့်စပ်လျဉ်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က Super One Dragon Co.,Ltd. အနေဖြင့် ဘီးလင်းသကြားစက်ရုံ လည်ပတ်ထုတ်လုပ်နိုင်ရန်နှင့် ဒေသခံကြံစိုက် တောင်သူများ အဆင်ပြေနိုင်ရန်အတွက် လက်ရှိ ကြံစိုက်ပျိုးထုတ်လုပ်ရရှိနိုင်မှုအပေါ် မူတည်၍ တစ်ရက်လျှင် တန်(၃၀ဝ) ကြိတ်ဝါး ထုတ်လုပ်နိုင်သည့် သကြားစက်ငယ် တည်ဆောက်ရေးအား ပထမအဆင့်အဖြစ် ဆောင်ရွက်လျက်ရှိပြီး Suger Mill Section အတွက် စက်(၁၆) မျိုး၊ Juice Section အတွက် စက်(၁၁) မျိုးတို့ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများက ဝယ်ယူတင်သွင်းရန် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

    အချိန်ဇယား Time Schedule အရ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စက်စတင်တပ်ဆင်ခြင်း၊ ဒီဇင်ဘာ ဒုတိယပတ်တွင် စက်တပ်ဆင်ပြီးစီးခြင်းနှင့် တတိယပတ်တွင် စက်စမ်းသပ်လည်ပတ်ခြင်း။ ၂၀၁၇-၁၈ ခုနှစ် ကြံရာသီတွင် တစ်ရက်လျှင် တန်(၃၀ဝ) ကျ သကြားစက်ငယ်ကို စမ်းသပ် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကာ ကြံရာသီစက်လည်ပတ်ချိန်တွင် ဝန်ထမ်း(၅၀) ဦးခန့် ထပ်မံ ခန့်ထားမည်ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။

    ထို့အပြင် လုံလောက်သည့် ကြံစိုက်ဧက တိုးမြှင့်ရရှိရေး စီမံဆောင်ရွက်နေခြင်းဖြင့် တစ်ရက်လျှင် တန် (၁၅၀ဝ) ကျ သကြားစက်ကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရန် စက်ပစ္စည်းများကို ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပြင်ဆင်မွမ်းမံရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေဆိုခဲ့သော်လည်း ဦးတင်ကိုကိုဦး၏ ဆက်စပ်မေးခွန်းဖြစ်သော ရေသန့်စက်ရုံနှင့် မီနီမားကတ်အတွက်ကိုမူ တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts