spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ခရိုင်စစ်ရေးလှုပ်ရှားမှု တပ်မတော်နှင့် မွန်ပြည်သစ်ဆွေးနွေး

    မော်လမြိုင်ခရိုင်စစ်ရေးလှုပ်ရှားမှု တပ်မတော်နှင့် မွန်ပြည်သစ်ဆွေးနွေး

    -

    တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်အနီး လတ်တလောစစ်ဆင်ရေးလှုပ်ရှားနေမှုများနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ၊ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေး တို့တက်ရောက်ပြီး တပ်မတော်ဘက်မှ ကစထ(၄) မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ စကခ(၁၉) မှ ခေတ္တစကခမှူး ဗိုလ်မှူးကြီးစိုးထွန်းတို့ ပါဝင်သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ NMSP ပြည်နယ်အဆင့်အပစ်ရပ်လက်မှတ်ရေးထိုးပွဲ(MNA)
    ဆွေးနွေးပွဲတက်ရောက်သူ နိုင်အောင်မငေးက “နှစ်ဖက်မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ခုလိုဆွေးနွေးနိုင်တဲ့အတွက် သံသယတွေ ထက်ဝက်လောက် လျော့ကျလာတယ်၊ လက်တွေ့အားဖြင့် တပ်မတော်စစ်ကြောင်းတွေ အဲဒီကနေပြန်လည်ထွက်ခွာသွားရင်တော့ ဒီသံသယတွေအားလုံး ကင်းစင်သွားပါလိမ့်မယ်၊ တပ်မတော်ဘက်ကလည်း ဒီအချက်ကိုစဉ်းစားပေးမယ်လို့ ဆိုပါတယ်” ဟု ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲကျင်းပနေချိန်တွင် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်အနီးတဝိုက်ဒေသရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းနှင့် ဝင်းရော်ချောင်းနှစ်သွယ်ကြားရှိ တောင်ပေါက်၊ လိုင်ကနီနှင့် ဝယ်ကလွန်ကျေးရွာတို့တွင် တပ်မတော်မှ ခမရ ၂၈၃၊ ၂၈၄၊ ခလရ ၂၈၊ ၃၂ တပ်ရင်းစစ်ကြောင်း ခန့်မှန်းအင်အား ၂၀ဝ နီးပါးခန့် အခြေပြုလှုပ်ရှားလျက်ရှိသည်ဟု နိုင်အောင်မငေးက ဆိုသည်။

    “ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN တွေ့ဆုံဆွေးနွေးမှု အဆင်ပြေ အခြေအနေကောင်းလာတဲ့ရက်ပိုင်းတွေမှာပဲ အောက်ခြေမှာ တပ်မတော်စစ်ကြောင်းတွေ ထိုးစစ်ဆင်သလို ဝင်ရောက်လာတဲ့အတွက် မွန်ပြည်သစ်အနေနဲ့ အစိုးရအပေါ်မှာရော တပ်မတော်ကိုပါ ယုံကြည်မှုတွေ လျော့ကျလာတယ်၊ တမင်သက်သက် အကြောင်းရှာတာပဲလို့ ခံစားမိခဲ့တယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    ပြီးခဲ့သည့် မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပအပြီးနောက်တစ်နေ့ ဩဂုတ် ၈ ရက်နေ့တွင် ဇမိချောင်းနှင့် ဝင်းရော်ချောင်းနှစ်သွယ်ကြား မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေပတ်ဝန်းကျင်အနီးတဝိုက်ရှိ မွန်ကျေးရွာအချို့တွင် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားခဲ့ပြီးနောက် ယနေ့အထိ ပြန်လည်ထွက်ခွာခြင်း မရှိသေးဟု ဒေသခံများထံမှ သိရသည်။

    သမ္မတဦးသိန်းစိန်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၂၀၁၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပြည်နယ်/ပြည်ထောင်စုအပစ်ရပ်စဲရေးသဘောတူစာချုပ်အရ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဆိုပါ အင်းခွရွာ ခန့်မှန်းမြေပုံညွှန်း (S-701317) သည် မွန်ပြည်သစ်ပါတီ အမှတ်(၁) တပ်ရင်းရုံး၏ တပ်တည်နေရာ သတ်မှတ်ထားခဲ့ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts