spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတပ်မတော် ကစထမှူးနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌ တွေ့ဆုံ

    တပ်မတော် ကစထမှူးနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌ တွေ့ဆုံ

    -

    တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ မွန်ပြည်နယ်၊ ရေးမြို့တစ်နေရာ၌ ယနေ့(သြဂုတ် ၁၆ ရက်) နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

    ထိုသို့တွေ့ဆုံရာ၌ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းနှင့် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှတို့ပါဝင်ကြောင်း သိရသည်။

    ရေးမြို့ကို Google Map မှမြင်တွေ့ရပုံ(Google Map)
    တပ်မတော်ဘက်မှ ကစထ(၄) မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် စကခ(၁၉)မှ နည်းဗျူဟာမှူးများတက်ရောက်ကြောင်း သိရသည်။

    ဆွေးနွေးသည့် အကြောင်းအရာများကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ၂၀၁၂ ခုနှစ်က သမ္မတဦးသိန်းစိန် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ချုပ်ဆိုခဲ့သော ပြည်နယ်/ပြည်ထောင်စု အဆင့် စာချုပ်ပါအချက်အလက်များတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တည်နေရာနှင့်ပတ်သက်၍ ဧရိယာအတိအကျ ဖော်ပြထားခြင်းမရှိသဖြင့် တပ်မတော်အရာရှိများနှင့် ယခုရက်ပိုင်းအတွင်း ဆွေးနွေးစရာရှိသည်ဟု နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ထို့အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်နှင့် ဝင်ရော်မြစ်နှစ်သွယ်ကြား အခြေစိုက်လျက်ရှိသည့် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသအတွင်း တပ်မတော်စစ်ကြောင်းအချို့ ယခုအခါ ဝင်ရောက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    ပြီးခဲ့သည့်သြဂုတ်က ၇ ရက်နေ့တွင်ကျရောက်သည့် အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့အား မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှအပ လက်နက်ဖြင့်အခမ်းအနားမကျင်းပရန် တပ်မတော်မှတားမြစ်ထားမှုအပေါ် လိုက်နာခြင်းမရှိသည့်အတွက် မွန်ပြည်သစ်ပါတီအား တပ်မတော်က စစ်ရေးဖြင့်ဖိအားပေးလာသည်ကို သတင်းများတွင် ဖော်ပြသည်။

    လက်ရှိတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးမျာဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌအဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ ဦးဆောင်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်း ဆဌမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ တိုးတက်မှုရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks