spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းခွင့်ပြုချက်မရှိသည့် MCL ဘိလပ်မြေစက်ရုံလျှပ်စစ်ထုတ်လုပ်နေမှုအား အရေးယူဆောင်ရွက်ရန် တိုက်တွန်းမည်

    ခွင့်ပြုချက်မရှိသည့် MCL ဘိလပ်မြေစက်ရုံလျှပ်စစ်ထုတ်လုပ်နေမှုအား အရေးယူဆောင်ရွက်ရန် တိုက်တွန်းမည်

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဋ္ဌာန၏ ခွင့်ပြုချက်မရရှိသေးဘဲ ၄၀ မဂ္ဂါဝပ်ရှိလျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသည့်အတွက် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာရေးရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ သိရသည်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံသည် ဘိလပ်မြေ တနေ့ တန်ချိန် ၅၀ဝ၀ ထုတ်လုပ်ရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ကိုအသုံးပြု၍ ၄၀ မဂ္ဂါဝပ်ရှိလျှပ်စစ်ဓာတ်အားကို စတင်စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။

    MCL ဘိလပ်မြေစက်ရုံ(Internet)
    “အခုလက်ရှိ လျှပ်စစ်ဓာတ်ထုတ်လုပ်နေတာဟာ ဥပဒေနဲ့မညီတဲ့အတွက် အခုထုတ်နေတာ ၄၀ မဂ္ဂါဝပ်ဖြစ်နေတော့ ဒါက ပြည်ထောင်စုအစိုးရရဲ့ခွင့်ပြုချက်နဲ့လုပ်ရမယ်၊ အခုက ပြည်ထောင်စုရဲ့ခွင့်ပြုချက်မရပဲထုတ်နေတဲ့အတွက် ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပေးဖို့ ဆိုတဲ့ဟာမျိုး၊ ပြည်နယ်အစိုးရအနေနဲ့လည်း သဘောထားမှတ်ချက်တွေမှာ ဒါက ဥပဒေနဲ့မညီဘူးဆိုတဲ့ အချက်ကို သေချာထည့်သွင်းဖို့ လိုမယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။

    MCL ဘိလပ်မြေစက်ရုံအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်လည်ပတ်နေသည့်အပေါ် စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ ပြည်ထောင်စုအစိုးရသို့ လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူရန် စာဖြင့်ပေးပို့တိုက်တွန်းသွားမည်ဖြစ်ပြီး ပြည်ထောင်စုမှ မွန်ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်တောင်းခံလာခဲ့သည့်အခါ MCL ၏ လုပ်ဆောင်မှုသည် ဥပဒေနှင့်မညီကြောင်း ပြောဆိုသွားမည်ဟု ၄င်းကဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာရေးရာကော်မတီမှ ပြီးခဲ့သည့်ဇူလိုင် ၇ ရက်နေ့တွင် MCL ဘိလပ်မြေစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့်ပတ်သက်သည့် အထောက်အထားများအား ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနသို့တောင်းခံခဲ့ကြောင်း၊ သြဂုတ် ၁၅ ရက်စွဲပါစာအမှတ်ဖြင့် အကြောင်းပြန်စာတွင် MCL ဘိလပ်မြေစက်ရုံလည်ပတ်ရန်အတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်ယူအသုံးပြုရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းမှုရှိခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။

    မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ဥပဒေကြောင်းအရ ပြောရရင် အခုက ၃၀ မဂ္ဂါဝပ်ကျော် ၄၀ မဂ္ဂါဝပ်ဖြစ်နေတယ်၊ ဒါကြောင့် ပြည်ထောင်စုခွင့်ပြုချက်ယူကို ယူရမယ်၊ အခုခွင့်ပြုချက်မယူဘဲ လုပ်နေတာက ဥပဒေကိုချိုးဖောက်နေတာပဲ၊ ဒါတားမြစ်ချက်ထဲမှာ ပါရှိပြီးသားပါ၊ ဒီအတွက် အစိုးရဘက်က အရေးယူဖို့ အသင့်တော်ဆုံးပဲ” ဟု ပြောသည်။

    အဆိုပါ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL စက်ရုံလည်ပတ်ရန်အတွက် ကျောက်မီးသွေးမှလျှပ်စစ်ဓါတ်အားထုတ်လုပ်နေခြင်းကိုလက်မခံကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များထံ ကန့်ကွက်လက်မှတ်ရေးထိုးပေးပို့ခြင်း၊ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲ၊ ဟောပြောပွဲတို့ကို စီမံကိန်းစတင်တည်ဆောက်သည့်ကာလမှ ယခုချိန်အထိ ဒေသခံများကန့်ကွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks