spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအထီးကျန်စိတ်ဝေဒနာ Autism ယာယီသင်တန်းကျောင်း မွန်တွင်ဖွင့်လှစ်မည်

    အထီးကျန်စိတ်ဝေဒနာ Autism ယာယီသင်တန်းကျောင်း မွန်တွင်ဖွင့်လှစ်မည်

    -

    အထီးကျန်စိတ်ဝေဒနာ Autism အထူးစောင့်ရှောက်ရန် လိုအပ်သောကလေးများအတွက် ယာယီသင်တန်းကျောင်းတစ်ခုကို လာမည့် စက်တင်ဘာလဆန်းပိုင်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြိုင်မြို့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းကျောင်း ဆောက်လုပ်ရေးကော်မတီထံမှ သိရသည်။

    အဆိုပါသင်တန်းကျောင်း နှစ်ထပ်ဆောင်အား ယခုအခါတည်ဆောက်ဆဲဖြစ်သည့်အတွက် ယာယီအဖြစ် မော်လမြိုင်စမ်းကြီး လူငယ်သင်တန်းကျောင်းတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြာင်း၊ သင်တန်းသား/သူ စတင်လက်ခံနေပြီးဖြစ်ကြောင်း၊ လက်ရှိတွင် သင်တန်းသား/သူ (၇) ဦးရရှိထားပြီးဖြစ်ကြောင်း သင်တန်ကျောင်းဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်မိုးကျော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မော်လမြိုင် လူငယ်သင်တန်းကျောင်း(MNA)
    ဦးအောင်မိုးကျော် က “ယာယီသင်တန်းကျောင်းကို လာမယ့်စက်တင်ဘာ (၄) ရက်နေ့မှာ ယာယီဖွင့်လှစ်သွားမှာပေါ့နော်၊ ကျောင်းသား၊သူ ဦးရေတော့ ကန့်သတ်ထားတာမရှိပါဘူး၊ နောက် ရန်ကုန်မှာ သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သူတို့တွေကို အနီးကပ်ပြုစုစောင့်ရှောက်သွားမယ်၊ ကျောင်းသား အရေအတွက်များလာရင် ဆရာ ဦးရေ ထပ်တိုးသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

    မော်လမြိုင်မြို့တွင် Autism ကျောင်းရှိခြင်းအားဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုုင်းရှိ ကလေးများ အလွယ်တကူကျောင်းအပ်နှံရန် အဆင်ပြေမည်ဖြစ်ပြီး ရန်ကုန်မြို့အထိ မိမိတို့၏ ကလေးများကို ကျောင်းသွားထားစရာ မလိုတော့ကြောင်း မိဘတစ်ဦးက ပြောသည်။

    ကိုသိုက်ထွန်း က “အခုဒီမှာဖွင့်တော့မယ်ဆိုတော့ အတိုင်းမသိဝမ်းသာတာပေါ့နော်၊ ဘာလို့လဲဆိုတော့ မိသားစုခွဲခံပြီးတော့ ရန်ကုန်မှာ ကျနော့်ဇနီးနဲ့ သားသား က ကျောင်းသွားတက်နေရတယ်၊ ကျနော်က ဒီမှာအလုပ်လုပ်တယ်၊ အဝေးမှာဆိုတော့ အိမ်ဌားရတယ်၊ သင်တန်းကြေးတွေ ပေးရတယ်ဆိုတော့ ကုန်ကျစရိတ်တွေ များတယ်” ဟု ပြောသည်။

    အဆိုပါသင်တန်းကျောင်းသို့ အထူးသဖြင့် Autism အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော ကလေးများ၊ ရုပ်ဆင်တူ ကလေးများ အား သင်တန်းတက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမ (၉) ဦးတို့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

    မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ဆရာမ ဇာဇာကျော် က “ကျမတို့ရပ်ကွက်ထဲမှာ အော်တစ်ဇင်း ကလေးတွေ တွေ့ရတယ်၊ ကလေးတွေကို လေ့ကျင့်ရကောင်းမှန်းလည်း မသိကြဘူးပေါ့နော်၊ အဲကြောင့် သင်တန်ကျောင်းတက်တော့မှ ဒီလိုကလေးတွေ သင်ကြားလို့ရတယ်ဆိုတော့ ကိုယ့်မြို့ကိုယ့်ရွာက ကလေးတွေကို လေ့ကျင့်သင်ကြားလို့ရတယ်၊ သင်တန်းမှာ တော်တော်ကြိုးစား သင်ယူရတယ်” ဟု ပြောသည်။

    ယခုတည်ဆောက်ဆဲဖြစ်သည့် သင်တန်းကျောင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် သင်တန်းကျောင်း စတင်ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks