spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနှစ်ကရင်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲသူ ၅ ဦးအပြင် လက်ပစ်ဗုံးတစ်လုံးဖမ်းမိသော်လည်း အဓိကတရားခံဟုယူဆရသူကို ဖမ်းမမိသေး

    နှစ်ကရင်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲသူ ၅ ဦးအပြင် လက်ပစ်ဗုံးတစ်လုံးဖမ်းမိသော်လည်း အဓိကတရားခံဟုယူဆရသူကို ဖမ်းမမိသေး

    -

    ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၌ သြဂုတ် ၁၄ ရက် နံနက်အစောပိုင်းက ရဲနှင့် ကျေးရွာလုံခြုံရေးအဖွဲ့တို့ သတင်းအရ မူးယစ်ဆေးဝါးများရှာဖွေဖမ်းဆီးခဲ့ရာတွင် တဆင့်ခံရောင်းချသုံးစွဲသူ ၅ ဦးအပြင် မူလရောင်းချဖြန့်ဖြူးသူနေအိမ်မှ လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းမိသော်လည်း အဓိကတရားခံဟုယူဆရသူအား မဖမ်းမိသေးဘဲ လွတ်မြောက်နေသည်ဟု သိရသည်။

    အဓိကတရားခံယူဆရသူ နှစ်ကရင်ကျေးရွာ အကွက် ၅ နေ စိုးခက်(ခ) ကျော်ခက်(၂၉) နှစ် (ဘ) ဦးထွန်းကြိုင် နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၄င်းမှာနေအိမ်တွင်မရှိဘဲ မည်သည့်အရပ်သို့ သွားသည်ကိုမသိဟု ဇနီးဖြစ်သူ မသီတာမွန်က ပြောကြားကြောင်း၊ သက်ဆိုင်ရာမှ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ အိပ်ခန်းဘီဒိုပေါ်မှ လက်ပစ်ဗုံးတစ်လုံး (အမေရိကန်နိုင်ငံလုပ်စနက်တံပါရှိသည့် အမှတ်(၃၆) ခွင်းဗုံးအလတ်အမဲရောင်) ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ နှစ်ကရင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့မှ ဦးရွှေက ပြောသည်။

    မသီတာမွန်အား လက်ပစ်ဗုံးနှင့်အတူ လမိုင်းရဲစခန်းတွင်တွေ့ရစဉ်(MNA)

    ဦးရွှေက “သူ့မှာ ဗုံးတစ်လုံးရှိတယ်ဆိုတာကို သတင်းကြားတယ်။ ညဘက်မသွားရဲလို့မနက်မိုးလင်းမှ သွားတဲ့အခါကျတော့ သူမရှိဘူး။ အဲ့ညက သူအိမ်ပြန်မလာဘူး။ အိမ်မှာက သူ့အမျိုးသမီး၊ သူ့ယောက္ခမ နဲ့ သူ့ကလေးပဲရှိတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဓိကတရားခံယူဆရသူ စိုးခက်(ခ) ကျော်ခက်၏ ဇနီးဖြစ်သူ မသီတာမွန်အား လက်နက်ဥပဒေ ပုဒ်မ ၁၉-ကအရ လမိုင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။

    နှစ်ကရင်ရဲကင်းစခန်းမှူး ရဲအုပ်နိုင်ဝင်းသိန်းက “ကျော်ခက်ကိုတော့ ဖမ်းလို့ မမိသေးပါဘူး။ နောက်ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချပြီး လက်ဝယ်ထားရှိသုံးစွဲသူတွေကိုလည်း ဖမ်းမိထားတယ်။ ကျွန်တော်တို့ အခုလောလောဆယ် တရားခံတွေကို အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်” ဟု ပြောသည်။

    ထို့အတူ နှစ်ကရင်ကျေးရွာ အကွက် ၅ နေ စိုးမင်းနိုင်(ခ) အလင်း (၂၁) နှစ်၏ နေအိမ်မှ ICE မူးယစ်ဆေး သုညဒဿမ တစ်ဂရမ်နှင့် ဆက်စပ်ပစ္စည်းများကို၄င်း၊ ရထားသံလမ်းအနီး ရာဘာခြံတဲအိမ်၌နေထိုင်သူ လေးသိမ်း(ခ)လေးမြင့် (၄၇ နှစ်) နှင့် ကွန်ဘိုင်(၂၈ နှစ်) တို့မှ စုစုပေါင်း ICE မူးယစ်ဆေး သုညဒဿမ သုညနှစ်ဂရမ်ကို၄င်း၊ ၄င်းတို့နှစ်ဦး ထွက်ဆိုချက်အရ ဇော်ဝင်းထွန်း(ခ) ငယ်ငယ်(၂၂ နှစ်) နှင့် မင်းဇော်ဦး (၂၃) နှစ်တို့အတူ ဝယ်သူသုံးစွဲထားသည့် ICE မူးယစ်ဆေး ၆ ခုကို၄င်း ဖမ်းဆီးရမိခဲ့ရာတွင် ကျော်ခက်ထံမှဝယ်ယူသည်ဟု ထွက်ဆိုခဲ့ကြောင်း နှစ်ကရင်ရဲကင်းစခန်းမှူးက ဆိုသည်။

    အဆိုပါ ဖမ်းဆီးမိသူ ၅ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ စိုးခက်(ခေါ်) ကျော်ခက်တို့အား မူး/စိတ် ၁၅/၁၆(ဂ)/၂၁ အရ လမိုင်းမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

    အဆိုပါ အဓိကတရားခံဟုယူဆရသူ “ကျော်ခက်” ဆိုသူမှာ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာဇာတိ မွန်လူမျိုးဖြစ်ကြောင်း၊ မိသားစုနှင့်အတူ နှစ်ကရင်ကျေးရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းချသူအဖြစ်ကျောဇော်သတင်းရှိခဲ့သည်မှာ ၂ နှစ်ကျော်ပြီး ၄င်းနေအိမ်သို့ ယခင်ကဝင်ရောက်ရှာဖွေခဲ့ရာတွင် မတွေ့ရှိခဲ့ကြောင်း နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks