spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း တံတား ၂ စင်းပြင်ပြီး၍ယာဉ်များဖြတ်သန်းခွင့်ပြု

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း တံတား ၂ စင်းပြင်ပြီး၍ယာဉ်များဖြတ်သန်းခွင့်ပြု

    -

    မိုးသည်းထန်စွာရွာသွန်းသဖြင့် ဇူလိုင်လနောက်ဆုံးပတ်က ရေစီးထဲမျောပါသွားသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်းကို သက်ဆိုင်ရာမှပြုပြင်ခဲ့ပြီးနောက် ယနေ့သြဂုတ်လ (၁၁) ရက် နံနက်ပိုင်းကစပြိီး ယာဉ်များဖြတ်သန်းသွားလာခွင့်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ဒီနေ့မှ တံတားနှစ်စင်းလုံး ပြီးသွားတာပါ။ ဒီနေ့ မနက်(၁၀) နာရီလောက်က ယာဉ်တွေ ဖြတ်နေကြပါပြီ။ ဆိပ်ကမ်းနားကတော့ နည်းနည်းလေး မြေတွေနုတော့ ကားလေးတွေတော့ နည်းနည်းစောင့်ရမှာပေါ့။ သံဘောင်ဘေလီတံတားနှစ်စင်းလုံးကတော့ ပြီးသွားပါပြီ။” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယာယီဘေလီ ကွင်းကြီးတံတား(ကရင်ပြည်နယ် လမ်းဦးစီးဌာန)
    ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူမော်တော်ကားလမ်း မိုင်တိုင်အမှတ် ၂၀/ဝ-၁ ရှိ ယာယီဘေလီတံတား(ကွင်းကြီးတံတား) နှင့် မိုင်တိုင်အမှတ် ၃၀/ဝ-၁ ရှိ ယာယီဘေလီတံတား (မက္ကလာတံတား) နှစ်စင်းလုံးရေစီးထဲမျောပါသွား၍ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့်အပြင် ဇူလိုင်လ (၂၈) ရက်နေ့ကလည်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးလည်း ရေစီးထဲမျောပါသေဆုံးခဲ့ရသည်။

    ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၂၀ဝ ကျော်နှင့် ရေဘေးသင့်ပြည်သူ ၉၀ဝ ကျော်ရှိခဲ့ပြီး စာသင်ကျောင်းပေါင်း(၂၄) ကျောင်းကို ယာယီပိတ်ခဲ့ရသည်။

    ကြာအင်းဆိ်ပ်ကြီးဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်လင်းအောင်က “အခုတော့ ရေတွေအကုန်ကျသွားပါပြီ။ရေလုံးဝမရှိတော့ဘူး။ရေက ချောင်းအောက်ကေို၇ာက်သွားပါပြီ။ မိုးလည်း ရွာနေတာဆိုတော့ မြေနီလမ်းတွေလောက်တော့ ပျက်တာတွေ ရှိတာပေါ့။ ကျောင်းတွေလည်း အကုန်ပြန်ဖွင့်နေပါပြီ။ဆရာမတွေလည်း သွားလာကြပြီ။” ဟု ဆိုသည်။

    အလားတူ သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းတွင် တံတားအချို့ရေကျော်ခဲ့သော်လည်းယခုအခါ မော်တော်ကားများ သွားလာနိုင်ကြပြီဟု သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး တံတားအချို့ပျက်စီးမှုရှိခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts