spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းဆွေးနွေးမှုရလဒ်များကို နှစ်ဖက်ခေါင်းဆောင်များအားတင်ပြ၍ နောက်တစ်ကြိမ်တွင် အတည်ပြုမည်ဟုဆို

    ဆွေးနွေးမှုရလဒ်များကို နှစ်ဖက်ခေါင်းဆောင်များအားတင်ပြ၍ နောက်တစ်ကြိမ်တွင် အတည်ပြုမည်ဟုဆို

    -

    ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) အစည်းအဝေးမှ ဆွေးနွေးမှုများကို နှစ်ဖက်ခေါင်းဆောင်များအား တင်ပြ၍ နောက်တစ်ကြိမ်တွေ့ဆုံရာတွင် အတည်ပြုသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

    “DPN အဆိုပြုချက် (၉)ချက် ရှိတယ်။ နံပတ် (၁)ကနေ (၄) အထိကတော့ နှစ်ဖက်သဘောတူနိုင်တဲ့ အနေအထားမျိုး ရပါတယ်။ ကျန်တဲ့ ၅၊ ၆၊ ၇၊ ၈ ကိုတော့ နှစ်ဖက်၊ နှစ်ဦးသဘောထား ဆွေးနွေးတယ်။ အဲဒီအပေါ်မှာ တော့ ကျွန်တော်တို့ မဆုံးဖြတ်သေးဘူး။ နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်တင်ပြရဦးမယ်။ နောက်တစ်ကြိမ်တွေ့တဲ့အခါမှာ အဲဒါကို ကျွန်တော်တို့က အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

    NRPC သတင်းစာရှင်းလင်းပွဲ(MNA)
    ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ သြဂုတ် ၁၀ ရက် မှ ၁၁ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခြင်း ဖြစ်သည်။

    “နောက်တစ်ကြိမ်က ကျွန်တော်တို့က လာမယ့်ရှေ့လ ပထမအပတ် သို့မဟုတ် ဒုတိယအပတ်မှာ တွေ့ဆုံဖို့ လျာထားပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ ပြန်ပြီး ရုံးချင်းရုံးချင်းပြန်ချိတ်ဆက်မယ်” ဟု DPN အဖွဲ့ ဒုတိယခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

    ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့ နောက်တစ်ကြိမ် အစည်းအဝေး ပြန်လည်မကျင်းပမီ နှစ်ဖက်ညှိနှိုင်းခြင်း နှင့် အလွတ်သဘောဆွေးနွေးခြင်းများပြုလုပ်မည်ဖြစ်ရာ နောက်တစ်ကြိမ်အစည်းအဝေးကို အကြမ်းအားဖြင့် စက်တင်ဘာ ပထမအပတ် သို့မဟုတ် ဒုတိယအပတ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

    “ဒီထွက်လာတဲ့ ရလဒ်အပေါ်မှာ နှစ်ဖက်စလုံးက ရင်းရင်းနှီးနှီးဆွေးနွေးရင်းနဲ့ ကျွန်တော်တို့ နားဖက်ကြားမှာ နားလည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့တယ်” ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

    ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုပြုချက် (၉) ချက်တွင် ဆွေးနွေးရန် ကျန်ရှိနေသော နံပတ် (၅) ၊ (၆) ၊ (၇) ၊ (၈) တွင် ပါဝင်သော အချက်များသည် အားလုံးတစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး နိုင်ငံရေးပိုင်ဆိုင်ရာတွင် မူဘောင်သုံးသပ်ခြင်း၊ တပ်ပိုင်းဆိုင်ရာတွင် JMC ယန္တရားကို ပိုမိုခိုင်မာအောင်ပြုလုပ်ရန်နှင့် နိုင်ငံတကာပါဝင်မှုနှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးစရာများ ကျန်ရှိနေခြင်း ဖြစ်သည်ဟု DPN အဖွဲ့မှ ဦးထွန်းဇော်က ပြောသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တင်ပြထားသည့် အချက်၉ချက်တွင် အစိုးရနှင့်တပ်မတော်က တပြည်လုံး အပစ်အခတ်ရပ်စဲရေး စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ အစိုးရ၊လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးဖို့ရေး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နှင့် တပ်နေရာချထားရေး ကြိုတင်သဘောတူညီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် နိုင်ငံတကာ ကိုယ်စားလှယ်များပါဝင်ရေး စသည့်အချက်တို့ပါဝင်သည်။

    အထက်ပါအချက်များကို အစိုးရနှင့်UNFC ကြား မူအားဖြင့်သဘောတူထားကြသည်ဆိုခဲ့သော်လည်း ယခုကျင်းပသည့် ဆဌမအကြိမ်မြောက်ဆွေးနွေးပွဲတွင် တစ်ချက်ချင်းစီ မူလအစ ပြန်လည်ဆွေးနွေးခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks