Homeသတင်းအိမ်တွင်းအကြမ်းဖက်မှုလျော့နည်းရေး ဥပဒေအသိပညာပေးပွဲပြုလုပ်

အိမ်တွင်းအကြမ်းဖက်မှုလျော့နည်းရေး ဥပဒေအသိပညာပေးပွဲပြုလုပ်

-

မွန်အမျိုးသမီးအဖွဲ့ နှင့် Action Aid Myanmar တို့ ပူးပေါင်းမှုဖြင့် မွန်ပြည်နယ်ရှိ အကြမ်းဖက်မှုအများဆုံးဖြစ်သည့် မြို့နယ် (၃) ခုကိုရွေးချယ်ပြီး ဒေသခံများအား ဥပဒေအသိပညာပေး ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံတို့မှ တစ်မြို့နယ်လျှင် ကျေးရွာ ၄ ရွာတွင် အမျိုးသမီးဘဝမြှင့်တင်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေး၊ ကျားမအခြေပြုအကြမ်းဖက်မှု ပပျောက်ရေး စသည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ကြောင်း မွန်အမျိုးသမီးအဖွဲ့ ဥပဒေအကြံပေး နိုင်ဝင်းကြည်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်တွင်းအကြမ်းဖက်မှုလျော့နည်းရေး ဥပဒေအသိပညာပေးပွဲ(MNA)
ဥပဒေ အကြံပေးနိုင်ဝင်းကြည် က “ကျနော်တို့ ဥပဒေအမြင်ဖွင့်သင်တန်းတွေလုပ်ပေးခြင်းအားဖြင့် တရားဝင် အိမ်ထောင်ဖြစ်ခြင်း၊ တရားမဝင်ခြင်း၊ လင်မယားကွာရှင်းခြင်း၊ အိမ်ထောင်ရေးထဲမှာ အကြမ်းဖက်မှုဖြစ်နေတာတွေကို အကြမ်းဖက်မှုမဖြစ်သင့်တဲ့အမြင်တွေ၊ မိသားစုထဲမှာ ယောင်္ကျား၊ မိန်းမရဲ့ တာဝန်တွေပေါ့၊ ဘယ်သူက အလုပ်ပိုလုပ်ရလဲ၊ ဘယ်သူက တာဝန်ပေါ့လဲဆိုတာ သူတို့အနေနဲ့ အဖြေရှာတတ်တဲ့အထိ ကျနော်တို့အမြင်ဖွင့် ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဥပဒေ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခြင်းအားဖြင့် အကြမ်းဖက်မှုများလျော့နည်းသွားမည်ဖြစ်ပြီး အမျိုးသမီးများမှာလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့်နေရာများတွင်တန်းတူအခွင့်အရေးရရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

၄င်းဆွေးနွေးပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်နေ့သာ အလုပ်လုပ်ချိန်၊ အနားယူချိန်နှင့် အိပ်ချိန်များကို အုပ်စုအလိုက် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ယင်းသို့ ပြောကြားခဲ့သည်။

ဥပဒေအမြင်ဖွင့်ဆွေးနွေးပွဲ တက်ရောက်လာသည့် အမျိုးသမီးတစ်ဦး က “ကျမတို့ မနက်အိပ်ယာထရင်ဘုရားရှိခိုး၊ ဈေးသွား၊ ထမင်းဟင်းချက်၊ ကလေးကျောင်းအကြိုအပို့ ဒါတွေနဲ့ တစ်နေ့လုံးအချိန်ကုန်နေတယ်၊ ဝင်ငွေရတဲ့အလုပ် မဟုတ်ပေမယ့် အမျိုးသားတွေထက် အလုပ်များတယ်” ဟုပြောသည်။

အဆိုပါဆွေးနွေးပွဲကို တစ်ရွာလျှင် တစ်ရက်တာပြုလုပ်ခဲ့ပြီး တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ဗုဒ္ဓဘာသာဝင် ထိမ်းမြှားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ တရားစီရင်ရေး ကဏ္ဍများတွင် ဒေသခံများ သိရှိလာစေရန် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts