spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းH1N1 ဖြစ်ပွားနေချိန်တွင် ခေါဇာဆေးရုံလစ်လပ်ဆရာဝန် ပြန်ခန့်အပ်ပေးရန်တောင်းဆို

    H1N1 ဖြစ်ပွားနေချိန်တွင် ခေါဇာဆေးရုံလစ်လပ်ဆရာဝန် ပြန်ခန့်အပ်ပေးရန်တောင်းဆို

    -

    ပြည်သူများစိုးရိမ်ထိန့် လန့်လျက်ရှိသည့် H1N1 ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားနေချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တိုက်နယ်ဆေးရုံ၌ လစ်လပ်လျက်ရှိသည့် ဆရာဝန်အား ပြန်လည် ခန့်အပ်ပေးရန် ဇူလိုင်လ ၃၁ ရက်နေ့၌ ရာသီတုတ်ကွေးရောဂါ အသိပညာပေးဟော ပြောပွဲ၌ ဒေသခံကိုယ်စား ခေါဇာမြို့မ ရပ်ကွက်(၁/၂) အုပ်ချုပ်ရေးမှူးများက တောင်းဆိုခဲ့ကြသည်။

    H1N1 ရာသီတုတ်ကွေးရောဂါ အသိပညာပေးပွဲကို ရေးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး စည်းဝေးခန်းမ၌ ပြုလုပ် ရာ အခမ်းအနားအား ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ညွန့်၊ ရေးမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရေးမြို့နယ်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအပါအဝင် ကြက်/ဘဲ မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့စဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ရေးမြို့နယ် H1N1 ရာသီတုတ်ကွေးရောဂါ အသိပညာပေးပွဲ(MNA)
    ခေါဇာမြို့၊ ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူး ဦးတူးနိုင် က “တခြားဒေသမှာက H1N1 ကိုကြောက်နေတဲ့အချိန်ပေါ့။ ကျွန်တော်တို့မှာဆရာဝန်ရှိမှ ရောဂါလက္ခဏာကို သိရမှာလေ။ ကျွန်တော်တိ်ု့သာမန်ပြည်သူတယောက်အနေနဲ့ ရောဂါလက္ခဏာကိုသိမှာမဟုတ်ဘူး။ အဲဒါကြောင့် ဆရာဝန်လိုအပ်နေတာ” ဟု ဆိုသည်။

    လက်ရှိအချိန်တွင် ခေါဇာမြို့၌ H1N1 ရာသီတုတ်ကွေးဖြစ်ပွားမှုလက္ခဏာမတွေ့ရှိရသေးကြောင်း၊ ခလေးသူ ငယ် များ ကိုယ်ပူခေါင်းကိုက်အနည်းကျဉ်းသာရှိကြောင်း၊ သို့သော်လည်း ဒေသခံတွေအနေဖြင့် ၎င်းရောဂါအတွက်စိုး ရိမ်လျက်ရှိကြောင်း ဦးတူးနိုင်က ဆက်ပြောသည်။

    ရေးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင် က “ဆရာဝန်ခန့်ရေးမခန့်ရေးက ဒါကျွန်တော်တို့မြို့နယ်အ ဆင့်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ ရုံးချုပ်အဆင့်မှာတောင်မှ အခုဆိုရင် ဝန်ကြီးအထိကို အတည်ပြုချက်ယူပြီးမှ ဝန်ကြီး EC ထိုင်ပြီးတော့မှသာ ဆရာဝန်တွေကို နေရာချထားပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ရုံးချုပ်ကိုတော့ ကျွန်တော် ထပ်မံတိုက်တွန်းပေးပါ့မယ်” ဟု ဆိုသည်။

    ခေါဇာမြို့တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန်မှ အနားယူခဲ့သည့်အတွက် လက်ရှိတွင် ၎င်းတိုက် နယ်ဆေးရုံး၌ တစ်လဝန်းကျင်ခန့် ဆရာဝန်လစ်လပ် လျက်ရှိသည်ဟု ခေါဇာမြို့မ (၂) အုပ်ချုပ်ရေးမှူး၏ ပြော ကြား ချက်အရ သိရသည်။

    ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) သံသယရှိသည့် လူနာ ၂၁၃ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၆၂ ဦး နှင့် သေဆုံးသူ ၁၂ ဦးအထိ ရှိခဲ့ပြီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts