spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် H1N1 ရောဂါ မတွေ့ရှိသေးကြောင်း ပြည်နယ်ကျန်းမားရေးဆို

    မွန်ပြည်နယ်တွင် H1N1 ရောဂါ မတွေ့ရှိသေးကြောင်း ပြည်နယ်ကျန်းမားရေးဆို

    -

    မြန်မာနိုင်ငံတွင် H1N1 ရာသီတုတ်ကွေး ကူးဆက်ပြန့်ပွားလျက်ရှိရာ မွန်ပြည်နယ်တွင် ၎င်းရောဂါ ဖြစ်ပွားသူမတွေ့ရှိရသေးကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးမှုး ဒေါက်တာဇော်မင်းထွန်းက ပြောကြားသည်။

    ဇူလိုင်လ (၂၈) ရက်နေ့ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် H1N1 ရောဂါကာကွယ်ရေးလုပ်ငန်းကိစ္စအတွက် ပြည်နယ်ကျန်းမာရေးဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့ အစည်းအဝေးပွဲအပြီး သတင်းထောက်များ အား ယခုကဲ့သို့ ပြောကြားခြင်းလည်းဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်ကျန်းမာရေးအရာရှိတို့ H1N1 အစည်းဝေး(Naianug Naing Facebook)
    မွန်ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးမှုး ဒေါက်တာ ဇော်မင်းထွန်းက “လောလောဆယ်အနေနဲ့ကတော့ H1N1 ကို confirm case မတွေ့သေးလို့ပဲပြောရမယ်။ ဒါကလည်း စမ်းသပ် နိုင်သေးတာလည်း မရှိသေးဘူး။ ပြင်းထန်အဆုတ်ရောင် ကလေးနှစ်ဦးကို ရန်ကုန်ဆေးရုံးကို လွှဲပြောင်းကုသ ထားတယ်။ positive တွေ့လို့ မဟုတ်ဘူး” ဟု ပြောသည်။

    အဆိုပါ လူနာနှစ်ဦးတွင် ကျိုက်မရောမြို့နယ်မှ အမျိုးသမီးတစ်ဦးနှင့် ရေးမြို့ပေါ်ရပ်ကွက်မှ ကလေးငယ် (ကျား) တစ်ဦးတို့ဖြစ်သည်။

    နှာချေ၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲမှု တုတ်ကွေးဆန်သော လက္ခဏာမျိုးဖြစ်လျှင် ပထမဆုံးအဆင့် အနေနှင့် ကျန်းမာရေးအစောင့်အရှောက်ယူသင့်ကြောင်း၊ ဒုတိယအချက်အနေနှင့် တခြားသူများသို့ မကူး စက်နိုင်အောင် ချောင်းဆိုးသည့်အခါ လက်ကိုင်ပါဝါဖြင့် အုပ်ထားသင့်ကြောင်း၊ ၎င်းရောဂါပိုးသည် (၆) ပေဝန်း ကျင်အတွင်းရှိ၌သာ ကူးစက်နိုင်ခြင်းကြောင့် ရောဂါကူးစက်ခံရသည့် လူနာနှင့် နီးစပ်သူများ၊ လူထူထပ်သော နေရာများသို့ သွားလျှင် မျက်နှာဖုံးကို တပ်ဆင်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက “H1N1 နဲ့ပတ်သက်ပြီးတော့ ဒီနေ့အစည်းအဝေးမှာ မွန်ပြည်နယ်ကိုဝင်ဖို့ ရေးမြို့ဘက်ကဂိတ်နဲ့ ဘုရားသုံးဆူမြို့ကနေ သံဖြူဇရပ်မြို့ကိုဝင်တဲ့ဂိတ်မှာ တိစ္ဆာန်တွေ အထူးသဖြင့် ကြက်တွေ တင်ဆောင်လာတဲ့ ကားတွေကို စောင့်ကြည့်စစ်ဆေးဖို့ ရဲအင်အားတွေတိုးမြှင့်ပေးဖို့ အစိုးရဘက်လည်း လက်ခံတယ်” ဟု ပြောသည်။

    အဆိုပါ H1N1 ရာသီတုတ်ကွေးကို ကြိုတင်ကာကွယ်မှုအနေဖြင့် လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှာ မြို့နယ်အလိုက် ကာကွယ်တာဆီးရေးလုပ်ငန်းများနှင့် အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

    မော်လမြိုင်မြို့ ဇာနည်အောင် အထွေထွေဆေးကုခန်း၌ H1N1 ဟု သံသယရှိ အသက် ၃၀ အရွယ်ဧည့်သည်အမျိုးသမီးလူနာတစ်ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့ နေ့လည်အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းဖော်ပြပြီး ဖြစ်သည်။

    H1N1 ရာသီတုတ်ကွေးရောဂါသည် အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး ရောဂါပိုးရှိသောလူထံမှ နှာချေ၊ ချောင်းဆိုးမှုမှ ပြန့်နှံသွားသော ရောဂါးပိုးကို ရှုရှိုက်မိလျှင် ကူးစက်နိုင် မည်ဖြစ်ကြောင်း သိရသည်။

    ဇူလိုင် (၁၉) ရက်မှ (၂၈) ရက်နေ့ မွန်လွှဲ (၂) နာရီအထိ တစ်နိုင်ငံလုံး၌ Influenza A (H1N1) pdm 2009- Positive ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း လူနာ (၃၀) ဦးအနက် (၆) ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts