spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်လှုံ-လက်တက်ကျေးရွာအုပ်ချုပ်ရေးမှူးကိစ္စတိုင်ကြားသူများအား စတင်စစ်ဆေး

    နိုင်လှုံ-လက်တက်ကျေးရွာအုပ်ချုပ်ရေးမှူးကိစ္စတိုင်ကြားသူများအား စတင်စစ်ဆေး

    -

    မုဒုံမြို့နယ် နိုင်လှုံ-လက်တက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအား တာဝန်မှ ရပ်နားပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူတိုင်ကြားသူများအနက် (၁၀) ဦး ကို မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇူလိုင်လ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးနေကြောင်း သိရသည်။

    မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးကျော်ဇင်ဦး ဦးဆောင်ပြီး (၃) ဦးပါဝင်သောအဖွဲ့မှ တိုင်ကြားသောရွာသားများကို စတင်စစ်ဆေးနေကြောင်းနှင့် လိုအပ်ပါက အခြားသော လူပုဂ္ဂိုလ်သက်သေများ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်လှုံကျေးရွာ ရွာအဝင်လမ်းဝ(MNA)
    “မြို့နယ်က စီ-မံကော်မတီကနေပြီး အဖွဲ့ဖွဲ့တယ်။ အဲဒီအဖွဲ့ (၃) ယောက်ပါတဲ့အဖွဲ့နဲ့ စစ်တာပေါ့။ အဲဒီအဖွဲ့ကလည်း ဒီ့ပြင်အလုပ်တွေရှိတာတော့ အကုန်လုံးကို ဘယ်ခေါ်လို့ရမလဲ။ ဒီနေ့ဆိုရင် (၁၀) ယောက်ချိန်းတယ်လို့ ပြောတယ်။ ဒီနေ့ စစစ်တယ်။ အဲလိုပဲ စစ်သွားမယ်။ လိုတဲ့လူတွေကို လိုသလို စစ်မှာပေါ့။ နောက်ထပ် (တိုင်) စာထဲမှာ မပါတဲ့သူလဲ သက်သေတို့ ဘာတို့ ခေါ်မေးရမှာပေါ့” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောသည်။

    ဇူလိုင်လ (၁၃) ရက်နေ့စွဲဖြင့် ရွာသား (၄၆) ဦးတို့ လက်မှတ်ရေးထိုးထားသော အဆိုပါတိုင်ကြားစာတွင် နေအိမ်၌ရုံးဖွင့် နေခြင်း၊ လယ်/စီအဖွဲ့ကို မိမိဆန္ဒဖြင့်သာ စီမံဆောင်ရွက်နေခြင်း၊ ထောက်ခံစာများ အမှုများကို နေအိမ်တွင် လက်မှတ်ရေးထိုးပြီး ငွေကြေးမတန်တဆတောင်းခံခြင်း၊ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေများ လွှဲပြောင်းရောင်းချသူ များအပေါ် ငွေကြေးများပြားစွာ ယူပြီးမှသာ လက်မှတ်ရေးထိုးနေခြင်း စသောအချက်များ ပါဝင်ကြောင်း တိုင်ကြားစာမိတ္တူတွင် တွေ့ရသည်။

    “အားလုံးကို စစ်ပြီး သူတို့ (အစီရင်ခံစာ) တင်လာတော့မှ စီမံကော်မတီကို အဲဒီစိစစ်ရေးအဖွဲ့ တင်လာတော့မှ လိုအပ်ရင် ပြည်နယ်တို့ ခရိုင်တို့ တင်ပြပေါ့” ဟု ဦးကျော်ထင်က ဆက်လက်ပြောကြားသည်။

    ရပ်/ကျေးဥပဒေတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် လုပ်ပိုင်ခွင့်ကို အလွှဲသုံးစားပြုလုပ်ခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း မသမာမှုပြုလုပ်ခြင်းနှင့် မလျှော်သြဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်ဟု ပြဌာန်းထားပြီး ၎င်းကျင့်ဝတ်ကို ဖောက်ဖျက်လျှင် အုပ်ချုပ်ရေးမှူးတာဝန်မှ ရပ်စဲနိုင်ကြောင်း ဖော်ပြထားသည်။

    “ကျေးရွာဖွံ့ဖြိုးဖို့အတွက် တက်ကြွစွာ လုပ်နိုင်တဲ့လူကိုပဲ အုပ်ချုပ်ရေးမှူး ဖြစ်စေချင်တယ်” ဟု တိုင်ကြားသူ ကိုဝင်းမြင့်မောင်က ပြောသည်။

    အိမ်ခြေ (၁၀ဝ၀) ကျော်ရှိ နိုင်လှုံ-လက်တက်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းသည်(၂၀၁၂) ခုနှစ်မှစတင်၍ တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး (၂၀၁၅) ခုနှစ်တွင်လည်း ထပ်မံရွေးချယ်တင်မြှောက်ခံရသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks