spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို

    မြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို

    -

    မွန်ပြည်နယ် (၉ ) မြို့နယ်တွင် မြို့ဝင်ကြေး ကောက်ခံမှုကို ကုမ္ပဏီများအား လေလံချပေးမည့်အစား သက်ဆိုင်ရာ စည်ပင်သာယာရေးဦးစီးဌာနသို့ တိုက်ရိုက်လွှဲပြောင်းပေးထားသည့်အတွက် အခက်အခဲတချို့ရှိနေကြောင်း မွန်ပြည်နယ် စည်ပင်သာသာရေးဦးစီးဌာနမှ သတင်းရရှိသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်၌ မွန်ပြည်နယ် ၁၀ မြိုနယ်အနက် ချောင်းဆုံမြို့တစ်ခုသာ ပုဂ္ဂလိကသို့ လေလံချပေးထားပြီး ကျန်သည့် ၉ မြို့နယ်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အား တိုက်ရိုက်တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

    မော်လမြိုင်-မုဒုံမြို့ကြားရှိ ဂိတ်တစ်နေရာ(MNP)

    “အရင်က BOT စနစ်အရ ရွှေသံလွင် နဲ့ အေးကို မိသားစုကို လေလံသဘောမျိုးနဲ့နှစ်စဉ် ပေးထားတယ်။ အခု ကျွန်တော်တို့ ဝန်ထမ်းတွေ နဲ့ကောက်ခံရတာဆိုတော့ ၂၄ နာရီလုံးလုံး အလုပ်လုပ်ရတော့ ပင်ပန်းတာပေါ့။ ဝန်ထမ်းတွေ သွားရေးလာရေး၊ နေဖို့ထိုင်ဖို့တော့ အခက်ခဲတွေရှိပါတယ်။

    တစ်မြို့နယ်မှာ ဂိတ်တစ်ခု၊ နှစ်ခု လိုက်ဖွင့်ပြီးတော့ မိုးရွာရင်လည်း မိုးရွာသလို၊ နေပူရင်လည်း ပူသလို အခက်ခဲရှိပါတယ်။” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

    မြို့ဝင်ကြေးကောက်ခံနှုန်းထားကို ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး ၂၀ဝ၊ ၃၀ဝ၊ ၅၀ဝ ကျပ် စသည်ဖြင့် ယခင်အတိုင်း ကောက်ခံနေသည်ကို တွေ့ရပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးချသွားမှာဖြစ်ကြောင်းသိရသည်။

    မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက “ကောက်ခံရရှိငွေတွေကို မြို့နယ်ဖွံ့ဖြိုးရေးတွေအတွက် သုံးတယ်။ တိုက်ရိုက်တော့ မသုံးဘူး။ သတ်မှတ်ထားတဲ့ငွေစာရင်းမှာသွင်း၊ ဘဏ်မှာသွင်းပြီးမှ အချိုးကျခွဲဝေသုံးပါတယ်။ကျွန်တော်တို့ စည်ပင်ကလုပ်နေတဲ့ လမ်းတွေခင်းတို့ ရုံးကလုပ်နေတာတွေအားလုံးက အဲ့ဒီငွေတွေလည်း ပါတယ်။” ဟု ပြောကြားသည်။

    မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ယမန်နှစ်လေလံအောင်မြင်နှုန်း ငွေကျပ်သိ်န်း ၅၀ဝ သာရရှိခဲ့ပြီး လက်ရှိကောက်ခံရရှိထားသည့် မြို့ဝင်ဂိတ်ကြေးစာရင်းအရ ယခုနှစ်တွင် တစ်ရက်တာ ဝင်ငွေ ၈ သိန်း ၅ သောင်းခန့်ဖြစ်သည့်အတွက် တစ်နှစ်တာ အတွက် သိန်း ၃၀၆၀ ကောက်ခံရရှိမည်ဟု ခန့်မှန်းထားသည်။

    မွန်ပြည်နယ်အတွင်း အဆိုပါမြို့ဝင်ကြေး ဘီးခွန်စတင်ကောက်ခံသည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ငွေကျပ်သိန်းပေါင်း ၁၁၃၇ ဒသမ ၂၉၂ ကျပ် ကောက်ခံရရှိထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks