Homeသတင်းမွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးစခန်းတည်ဆောက်မည်

မွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးစခန်းတည်ဆောက်မည်

-

မွန်ပြည်နယ်၊ မုဒုံနှင့် ရေးမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီးတဝိုက်ကျေးရွာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက် ထောက်ပံ့ရေးစခန်း ၂ ခု တည်ဆောက်ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ အခြေစိုက်စခန်းကို မုဒုံမြို့နယ်၊ ဝဲကလိနှင့်ကမာအုပ်ကျေးရွာ၌ တစ်နေရာနှင့် ရေးမြို့နယ်ကော့ဒွတ်ကျေးရွာတွင် တစ်နေရာ စုစုပေါင်း ၂ နေရာ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက် ထောက်ပံ့ရေးစခန်းတစ်ခု(Internet)
“MIC (Myanmar Investment Commision- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)ကနေ ခွင့်ပြုအမိန့်ကျတယ်တဲ့။ သူတို့လုပ်ဖို့အတွက် အကုန်လုံးမပြီးသေးဘူး။ Survey လုပ်ရဦးမယ်။” ဟု မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၀/၂၀၁၇) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး Myanmar Offshore Supply Base Limited (MOSB) အခြေစိုက်စခန်းမှ ကမ်းလွန်ရေနံ လုပ်ငန်းများသို့ ဒီဇယ်အပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ရေနက်တဲ့နေရာက နှစ်နေရာလောက်ရှိတယ်။ဝဲကလိထက်စာရင် ကော့ဒွတ်မှာက ပိုပြီးတော့ရေနက်ပါတယ်။ရေနက်တဲ့အခါကျတော့ တန်ချိန်မြင့်တဲ့သင်္ဘောတွေ ဆိုက်နိုင်မှာပါ။”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ယင်းသို့ ဆောက်လုပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ စသည့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အချိ်န်ကုန်သက်သာ၍ လွယ်ကူလျင်မြန်စွာ ခရီးရောက်နိုင်မှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က သုံးသပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts