spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းMCL စက်ရုံ၏အစီရင်ခံစာအသစ်သည် ဒေသခံများနှင့် တွေ့ဆုံထားခြင်းမရှိဟုဆို

    MCL စက်ရုံ၏အစီရင်ခံစာအသစ်သည် ဒေသခံများနှင့် တွေ့ဆုံထားခြင်းမရှိဟုဆို

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) မှ အသစ်ရေးဆွဲထားသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံထားခြင်းမရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

    “အခု EAI အစီရင်ခံစာအသစ်က ၂၀၁၃ ခုနှစ်ကအတိုင်းဘဲ၊ ကဏ္ဍအလိုက်ထပ်ခွဲပြီး ရေးထားတယ်လို့ဘဲ ကျနော်မြင်တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒေသခံပြည်သူများနှင့် ထပ်မံတွေ့ဆုံထားတာတဲ့အထောက် အထား ဘာတစ်ခုမှမတွေ့ရဘူး”ဟု ဒေါက်တာမင်းကြင်ဝင်းက ပြောသည်။

    ဇွန်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း MCL ဘိလပ်မြေစက်ရုံသို့ လေ့လာခဲ့စဉ် (MNA)
    EIA အစီရင်ခံစာတွင် ပါဝင်ရမည့်အချက်များမှာ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ ရယူရန်နှင့် ဒေသခံပြည်သူများ၏ အမြင်သဘောထားများလည်း ပါရှိရမည်ပြီ ၂၀၁၃ ခုနှစ် EIA အစီရင်ခံစာ ပြုစုစဉ်က ဒေသခံပြည်သူများအား ရှင်းလင်း ချပြထားမှုရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    အစီရင်ခံစာနှင့်ပတ်သက်၍ ကျောက်ထုတ်လုပ်မှု (EIA) အစီရင်ခံစာ၊ စက်ရုံလည်ပတ်မှု (EIA) အစီရင်ခံစာ၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု (EIA) အစီရင်ခံစာ နှင့် ကနဦးပတ်ဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်း (IEE) အစီရင်ခံစာတို့ကို မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) မှ အသစ်ပြန်လည်ပြုစုကာ ဤဇွန်လအတွင်း ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဟု သိရသည်။

    ထို့အတူ ဇွန်လ ၂၄ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက MCL စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးဖြစ်သည်။

    မယ်ဂရိုဒေသခံ နိုင်ရွှေဝင်းက “ ပြည်ထောင်စုဝန်ကြီး MCL စက်ရုံကိုလာတာ ကြားရသော်လည်း ဘာတွေစစ် ဆေးသွားလဲဆိုတာကိုတော့ ကျနော်တို့ မသိရဘူး။ ပြည်ထောင်စုဝန်ကြီး လာတာ သတင်းကြားတော့ ကျနော်တို့စက်ရုံကို သွားပါတယ်၊ ဒါပေမယ့် ဟိုုရောက်တော့ ဝန်ကြီးက ပြန်သွားပြီ”ဟု ဆိုသည်။

    အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကျောက်မီးသွေးအသုံးပြုမှု မရပ်တန့်ပါက ပျားတောင်ပတ်ဝန်း ကျင်တွင်ရှိသော ကွမ်းငန်း၊ ကော့ဒွန်း၊ ကော့ပနော့ ဒေသခံများက ဆက်လက် ကန့်ကွက်ဆန္ဒပြသွားမည်ဟု နိုင်ရွှေဝင်းက ဆက်ပြောသည်။

    Mawlamyine Cemant Ltd. (MCL) သည် ၂၀၁၃ ခုနှစ်က စက်ရုံတစ်ခုလုံးအတွက် ပြုစုထားသော (EIA) အစီရင်ခံစာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ပေးပို့ထားသော်လည်း အချက်အလက် မပြည့်စုံဟုဆိုကာ ၎င်းအစီရင်ခံစာကို ပြန်လည်တင်ပြရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်ဟု သိရသည်။

    အဆိုပါ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ၏အထင်ရှားဆုံး Siam Cement Group-SCG ကုမ္ပဏီနှင့် မြန်မာနိုင်ငံတွင် အခြေချသော Pacific Link Cement ကုမ္ပဏီတို့ ပူပေါင်းတည်ဆောက်ခဲ့ပြီး တနေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀ဝ၀ ထုတ်လုပ် နေကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သော အဆိုပါ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစပြီး စီးပွားအဖြစ်စတင်လည်ပတ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts