Homeသတင်းဒုတိယအကြိမ် မွန်လွှတ်တော်သက်တမ်းတွင် မေးခွန်း ၁၆၀ ခုနှင့် အဆို ၃၀ ခု မေးမြန်းတင်သွင်းခဲ့

ဒုတိယအကြိမ် မွန်လွှတ်တော်သက်တမ်းတွင် မေးခွန်း ၁၆၀ ခုနှင့် အဆို ၃၀ ခု မေးမြန်းတင်သွင်းခဲ့

-

NLD အစိုးရတက်လာသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်လွှတ်တော်သက်တမ်းတွင် မေးခွန်း (၁၆၀) ခုနှင့် အဆို (၃၀) ခု မေးမြန်းတင်သွင်းဆွေးနွေးခဲ့ကြောင်း လွှတ်တော်ရုံး၏ မှတ်တမ်းစာရင်းအရ သိရသည်။

မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အဆို (၁) ခု၊ အထူးအစည်းအဝေးတွင် အဆို (၅)ခုနှင့် မေးခွန်း (၁၇)ခု၊ ဒုတိယပုံမှန်အစည်းအဝေးတွင် အဆို (၅)ခုနှင့် မေးခွန်း (၂၀)ခု၊ တတိယပုံမှန်အစည်းအဝေးတွင် အဆို (၈)ခုနှင့် မေးခွန်း (၂၆)ခု၊ စတုတ္ထပုံမှန်အစည်းအဝေးတွင် အဆို (၄)ခုနှင့် မေးခွန်း (၃၂)ခု၊ ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆို (၁)နှင့် မေးခွန်း (၂၈)ခု၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆို (၆)ခုနှင့် မေးခွန်း (၃၇)ခု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော်(MNA)
“ကျွန်မတို့ဒုတိယအကြိမ်လွှတ်တော်က ဆဋ္ဌမအကြိမ်ကိုရောက်လာပါပြီး အစည်းအဝေးတစ်ခုလုပ်ဖို့ကလည်း ကျွန်မတို့ကိုယ်စားလှယ်တွေ အရမ်းပင်ပန်းရပါတယ်၊ ဒီလိုပင်ပန်းခံတာကလည်း ပြည်သူ့အကျိုးအတွက်ပါပဲ ဒါကြောင့် လွှတ်တော်မှာအတည်ပြုထားတဲ့မေးခွန်းတွေ ကတိဝင်ထားတဲ့အဆိုတွေရှိပါတယ်၊ ဒါကို အစိုးရအနေနဲ့ သက်နိုင်သမျှ စုံစုံလင်လင် လုပ်ဆောင်ပေးပို့ ပြောချင်ပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

လွှတ်တော်တွင် တင်သွင်းခဲ့သည့်အဆိုပေါင်း (၃၀) ခုမှ မော်လမြိုင်ကမ်းနားလမ်းအပိုင်း (၆) စီမံကိန်းဆောင်ရွက်ထားရှိမှုအား ပြန်လည်စိစစ်ရန် တိုက်တွန်းကြောင်းအဆိုနှင့် ယာယီရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်း ထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်းအဆို ၄င်းအဆို (၂) ခုကို မှတ်တမ်းတင်ထားခဲ့ပြီး ကျန်အဆိုများအား အတည်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နောက်ဆုံး ဆဋ္ဌမပုံမှန်အစည်းအဝေးတွင်လည်း အဆို (၆) ခု တင်သွင်းခဲ့ပြီး အဆို (၅) ခုကိုသာ လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ကျန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ် ရသင့်ရထိုက်သည့် အခွန်အကောက်များ စည်းကြပ်နိုင်ရေးအတွက် တိုက်တွန်းကြောင်းအဆို (၁) ခုကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

“အခွန်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တော်ကြီးတင်သွင်းတဲ့အဆိုက တို့ပြည်နယ်အတွက် စေတနာနဲ့တင်သွင်းတာကိုသိပါတယ်၊ ဒါပေမဲ့ အဲ့အဆိုထဲမှာ ခေတ်မှီတဲ့နည်းပညာနဲ့ စည်းကြပ်ကောက်ခံရမယ်ဆိုရင်တော့ ဒါကို ပြည်ထောင်စုအဆင့်မှာပဲ ဆွေးနွေးလို့ရမယ် ကျွန်တော်တို့လုပ်လို့မရဘူး၊ ခေတ်မှီနည်းပညာမပါပဲ သွင်းရင်တော့ ကျွန်တော်တို့အစိုးရဘက်က အဆင်ပြေပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် အဆိုနှင့်မေးခွန်းများအပြင် ဥပဒေ (၅) ခုနှင့် နည်းဥပဒေ (၄) ခု ပြဋ္ဌာန်းခဲ့ပြီးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts