Homeသတင်းမွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

-

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြို့နယ်အဆင့် သန်းခေါင်းစာရင်း အလုပ်ရုံဆွေးနွေးပွဲများကို တစ်မြို့နယ်လျှင် ၂ ရက်နှုန်းဖြင့် ကျင်းပပြုလုပ်လျှက်ရှိရာ လက်ရှိတွင် မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် ကျင်းပပြီးစီးခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ် လဝကပြည်နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်(MNA)
လဝကပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်း က “ ဒီမြို့နယ်အလိုက် ဆွေးနွေးရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကို ပြန်သုံးသပ်မယ်၊ တူတဲ့ အချက်အလက်တွေကို ပေါင်းစည်းပြီးတော့မှ ပြည်နယ်၊ တိုင်းအလိုက်လိုအပ်ချက်တွေကို ကြည့်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တင်ပြမယ်၊ အဲဒီကနေတစ်ဆင့် စီမံကိန်းတွေ ပြန်ချပေးမယ်” ဟု ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ၂၀၁၄ ခုနှစ် ကောက်ခံရရှိခဲ့သည့် သန်းခေါင်းစာရင်းများအပေါ် အခြေခံ၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် သတင်းအချက်လက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ၁ ဦး နှင့် နည်းပြဆရာ ၃ ဦးတို့ ဦးဆောင်ပြီး ဒေသခံပြည်သူများအား ရှင်းလင်းသွားမည်ဖြစ်ကြောင်း လဝကပြည်နယ်ဦးစီးမှူးက မွန်သတင်းအေဂျင်စီ သို့ ပြောသည်။

ရေးမြို့ဒေသခံ မိစီစီအေး က “ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၁၄ ကတည်းကောက်ထားတဲ့ သန်းခေါင်စာရင်းထဲမှာ လူဦးရေ၊ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေ၊ နောက် ရေးမြို့နယ်အတွက် ဘာတွေလုပ်သင့်လဲဆိုတာတွေကို ဒေသခံတွေ ဆွေးနွေးတဲ့ကဏ္ဍလည်း ရှိမယ်” ဟု ဆိုသည်။

အလားတူအလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်လည်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့် တွင်ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံရရှိသော သန်းခေါင်းစာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေ ၂၀ သိန်းကျော် (၂,ဝ၅၄,၃၉၃ ) ဦးရှိပြီး အခြားဒေသမှာ ရွှေ့ပြောင်းလာသူဦးရေ ၃ သိန်း ၄ သောင်းကျော် (၃၄၂၁၈၉) ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts