spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်ရဲစခန်းမှ အချုပ်သား (၇) ဦး အချုပ်ခန်းဖောက်ပြေး

    ကော့ကရိတ်ရဲစခန်းမှ အချုပ်သား (၇) ဦး အချုပ်ခန်းဖောက်ပြေး

    -

    ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် ရဲစခန်းမှ အချုပ်သား (၇) ယောက် ဇွန်လ ၃ ရက်နေ့ညပိုင်း၌ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ကော့ကရိတ်ရဲစခန်းမှ သတင်းရရှိသည်။

    အဆိုပါ အချုပ်ခန်းဖောက်ပြေးမှုမှာ ည (၉)နာရီနှင့် (၁၀) နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရားခံတစ်ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့သော်လည်း (၆) ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ကော့ကရိတ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိများက အတည်ပြုပြောကြားသည်။

    Crime

    အချုပ်ခန်းမှ အချုပ်သားများ မကြာခဏ ထွက်ပြေးလွတ်မြောက်နေခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တာဝန်ပေါ့လျော့မှုများကြောင့် ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ဝေဖန်လိုက်သည်။

    “တာဝန်ပေါ့လျော့တဲ့ အပိုင်းတွေရှိလို့ပေါ့။ အခုလည်း ရဲတွေအလုပ်လုပ်နေပါပြီ။ ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အပိုင်းပါပဲ။ ကျွန်တော်တို့ဆီမှာမှ မဟုတ်ပါဘူး။တခြားမြို့နယ်မှာတွေလည်း ဒါမျိုးဖြစ်ခဲ့တာတွေလည်းရှိတယ်လေ။ တာဝန်ပေါ့လျော့သွားလို့ ဖြစ်သွားတာပါ။” ဟု ၄င်း၏ အမြင်ကို ပြောကြားသည်။

    ယင်းသို့ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံများမှာ အချုပ်ဆောင်အမိုးကို ဖောက်ထွက်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။

    “ဒီဘက်မှာကဒါမျိုးတွေက မဖြစ်ဖူးဘူးလေ။အခု သတိပြုမိကြသွားပြီပေါ့နော်။အရင်တုန်းကတော့ အချုပ်သားတွေကို လွှဲတဲ့အခါကျတော့ သာမန်ပို့လိုက်၊ သွားလိုက်နဲ့။ အခုဒီလိုတွေဖြစ်လာခဲ့ပြီဆိုတော့ နောက်ပိုင်းမှာ ပေါ့ပေါ့လျော့လျော့မလုပ်ဘဲ သေချာသတိထားသင့်ပါတယ်။ အခုဆိုရင် သင်ခန်းစာတွေလည်း အများကြီးရပြီလို့ ကျွန်တော်ထင်ပါတယ်။” ဟု ကရင်ဖွံ့ဖြိုးရေး ကွန်ယက်( KND) ဘားအံရုံးခွဲတာဝန်ခံ မှ စောစိုးနိုင်ဝင်းက အကြံပြုသည်။

    သက်ဆိုင်ရာတာဝန်ရှိများ ပေါ့လျော့သည်ဟု ဝေဖန်မှုများရှိသော်လည်း ပြည်သူလူထုလည်းဝိုင်းဝန်းပူးပေါင်း ကူညီပေးရန် ဘားအံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း တောင်းဆိုသည်။

    “လုံခြုံရေးကိုတော့ တိုးပြီးချထားဖို့တော့ လိုနေပြီ။ရဲတပ်ဖွဲ့ရဲ့ အင်အားလုံလောက်မှု ရှိ၊ မရှိ အဲ့ဒီအပေါ်မှာလည်း မူတည်သေးတယ်။တကယ်တော့ လုံခြုံရေးကို ပိုချပေးသင့်တယ်။ပြည်သူလူထုကလည်း စိုးရိမ်ပူပန်ရင်လည်း စိုးရိမ်စရာပါပဲ။စိုးရိမ်နေလို့လည်း အားလုံးမပြီးဘူး။ ရဲမှာကြီးပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ပြည်သူလူထုပါ ပူးပေါင်းပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ရင်တော့ ဒီလိုကိစ္စမျိုးတွေက နည်းလာမှာပါ။”ဟု ဘားအံ လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က ပြောသည်။

    ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း မူးယစ်ဆေးဝါးမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည့် အမျိုးသမီးတစ်ဦးကို ဘားအံ-ကော့ကရိတ်လမ်းမပေါ်တွင် အမည်မသိ အရပ်ဝတ်လက်နက်ကိုင်တစ်ချို့က ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရာ အဆိုပါ တရားခံကို လုယူခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှတ် သေဆုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks